နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Tuesday, February 4, 2014

ဥပေက္ခာအယုအယ

မောင်သံသရာ | 1:30 AM | Best Blogger Tips
ဥပေက္ခာအယုအယ
ကရ၀ိတ်ငှက်တွန်သံလို
ချိုမြိန်တဲ့အချစ်ဈာန်
ငါရဲ့ထံပါးက
ကာပြန်ကာခဏခဏ
လက်ပြနှုတ်ဆက်သွားခြင်းဟာ…။

သက်ရောက်ကိန်းအရ
အချစ်ထိန်းဂြိုဟ်ခွင်
တိမ်ဝင်မြုပ်ကွယ်နေလို့
အချစ်ပန်းပြယ်သွားတာလား..။

ဂြိုဟ်ဇာတာဘုတ္တိမှာ
ထိမိသောအချစ်
အပြစ်ပေးသဘောနဲ့
တောထွက်သွားတာလား…။

မဟာဘုတ်တိုင်လာ
ချစ်မဟာဂဏန်း
ပုတိတန်း ရောက်နေလို့လား..။
ရာသီလဂ်အတန့်
ကြံ့ခိုင်မှုအင်းအား
နည်းပါေးနလို့လား..။

နာမည်ပေးခရားတိုင်
ယိုင်နဲ့စွာဇောက်ထိုး
ပြောင်းပြန်ကျိုးနေလို့လား..

ဘယ်လိုအကြောင်းတရားတွေ
အသားပေးကာနှိပ်စက်နေလို့
ချစ်သူရဲ့ဥပေက္ခာစိတ်နဲ့
ဝေယျာဝေစ္စဆောင်ရွက်မှုကို
ထောင်ဆက်ကျနေသူပမာ
ငါ့…ခံစားနေရတာလဲ…။

No comments:

Post a Comment

Related Posts with Thumbnails