နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Sunday, September 19, 2010

(ကျန်ရစ်အလွမ်း)ချစ်လှအောင်ရဲ့ခံစားချက်

Anonymous | 4:57 AM | Best Blogger Tips
တကယ်ပါချစ်သူ
ပြတ်လုဆဲဆဲ
အသည်းနှလုံးနှစ်ခုရဲ့
နာကြည်းမှုကြောင့်
ပုလဲလုံး.ရွေးလုံးမဟုတ်တဲ့
ငါ့မျက်ရည်တွေကြွေကျကုန်ပြီ။
သည်းအူပွင့်မတတ်
ခံစားနေရတဲ့ဝေဒနာကို
ငါချုပ်တည်းရင်းနင်တစ်ယောက်
တစ်ပါးသူရင်ခွင်ထဲမှာပျော်နိုင်ပါစေ
နင်ပျော်နိုင်ရင်.သမုဒ္ဒရာတစ်စင်းပြည့်အောင်
ငါငိုနိုင်တယ်။
ချစ်ရသူရယ်
မကြင်နာတမင်စိမ်းလေတော့
မဖြေသာရင်မှာအလွမ်းတွေဖြင့်
တစ်နေရာအဝေးဆီက
မျှော်ရည်ခါလွမ်းလျက်ပါ။
ပြန်လာနိုးနိုး
လက်ရည်ချိုး၍
မျှော်ကောပြန်လည်း
စိမ်းသူသက်လျာ
ပေါ်မလာတော့
နွေတစ်ရာဆယ်ကဲ
ရင်မှာကွဲလို့
ခပ်မျော့မျော့သာကျန်တော့တယ်။

နှလုံးသား`၌အက္ခရာထိုးခြင်း

Anonymous | 4:23 AM | Best Blogger Tips
တွေ့ဆုံ၍ချစ်ခြင်း
ဖော်ထွင်းကာပုံဆောင်
ရင်ခုန်သံတနောင်နောင်နဲ့
အောင်မြင်စွာချစ်မှတ်တိုင်ကို
ခိုင်မြဲစွာစိုက်ထူခဲ့တယ်၊(တယောက်ထည်းဖြစ်နေတာ)
နှလုံးသားရဲ့
အသဲကြားမှာ
ခိုင်မြဲစွာခိုအောင်း
အိပ်စက်လျောင်းယင်း
ပုံမပြောင်းတဲ့အချစ်ဟာ
ဖြစ်ပေါ်ရာအာရုံမှန်သမျှ
ချစ်သူအလှပုံရိပ်အဖြစ်
ဖွင့်လှစ်ပြနေကြတယ်။
ညီတော်နန္ဒရဲ့
ဟဒယရပ်ဝန်းမှာ
ရစ်သန်းနေတာက
ဇနပဒနဲ့အလှနဲ့
သောတအာရုံမှာ
ဆုံဆည်းမြည်နာတာက
အမြန်ပြန်လာဆိုတဲ့စကားဖြင့်
ယမင်းအမှာပါးတဲ့ပုံဟန်
တကယ်အမှန်ဖျောက်မရလို့
မသွယ်ပြန်ချင်တဲ့ဇောစိတ်နဲ့
ချစ်စိတ်တွေတဖွားဖွား
ပေါက်ဖွားရှင်သန်နေသလိုပေါ့…..
တွေ့ဆုံမှုကြောင့်
ရင်အောင့်အောင်ချစ်ရပေမဲ့
ဒီအချစ်ဒီရသကို
နှမအ လှသိစရာမလို
ကံကြမ္မာရွှေဘုရင်က
ဒီရင်ကိုအချစ်သွင်းတာဟာ
အတင်းအကြပ်သူ့အချစ်ကို
ဖြစ်ညှစ်ထုတ်ယူဖို့မဟုတ်ဘူးလေ…(တောင်းမရလို့)
သူ့ဆီကမေတ္တာ
ပြန်လှန်ကာပေးဆပ်ခြင်း
သက်ဆင်းမှုနတ္ထိပေမယ့်လည်း
ငါ့နှလုံးသားရဲ့နယ်မြေမှာ
သံသရာမကုန်ခန်းသရွေ့
သေချာစွာကမ္ဗည်းရေးမှာက
ချစ်ခြင်းဆိုတဲ့အက္ခရာလေးရယ်ပါ။ ။

Saturday, September 18, 2010

(ဆွဲငင်အာရုံ)

Anonymous | 6:19 AM | Best Blogger Tips
ချစ်သူ
ကမ္ဘာကြီး နှစ်ဆယ့်လေး(ဒိီဂရီ)
နှစ်ပိုင်းတစ်ပိုင်းစောင်းနေတာ
ငါနဲ့မဆိုင်ဘူး။
မော်လီကျူးတွေ
တူရာတူရာဆွဲငင်နေတာ
ငါစိတ်မ၀င်စားဘူး။
ကမ္ဘာကြီးပူနွေးလာတာ
ငါနဲ့ဆိုင်လို့လား။
တဂိုးရဲ့အချစ်ကဗျာ
နုနုတွေကိုငါစိတ်မ၀င်စားဘူး။
သင်္ချာနှစ်ရဲ့
ဂျီသြမေတြီတွက်နည်းတွေကို
ငါမသိဘူး။
မြောက်ကိုးရီးယား
အနုမြူလက်နက်ပိုင်တာ
သူတို့ကိစ္စ။
ချားလ်စ်မင်းသား
မက်ဒေါနားဘော်ဒီကို
ပေါင်း(၂၀၀၀၀)ပေးပြီးဝယ်တာ
သူ့ကိစ္စ။
နရသီဟပတေ့မင်း
ထမင်းတစ်ခါစစားရင်
ဟင်းခွက်သုံးရာစားတာ
ငါစိတ်မ၀င်စားဘူး။
ကမ္ဘာကြီးပေၞမှာ A=h1n1
ပျံ့နှံ့နေတာငါစိတ်မ၀င်စားဘူး။
ငါစိတ်ဝင်စားတာ
ငါကိုမချစ်ခဲ့တဲ့မင်းကိုပါ။ ။

Friday, August 13, 2010

(ဆန့်ကျင်ဘက်)

Anonymous | 7:26 AM | Best Blogger Tips
ချစ်သူ
ဆန့်ကျင်ဘက်တွေနဲ့
မင်းနဲ့ငါချစ်သူတွေဖြစ်ခဲကြတယ်နော်။
ငါကအနီဆိုရင်မင်းကအနက်
ငါကဖာဂူဆန်ဆိုရင်မင်းက၀င်းဂါး
ငါကဘရောင်းလိုမကောင်းဘူးပြောတာကို
မင်းကပက်ဂျီဆန်လိုတည်ပြီးကန်ချင်သေးတယ်။
နင်ကလည်းအေဗရာမိုဗစ်လို
လူတကာအချစ်ကိုခဲချင်ပေမယ့်
ငါကလည်းကာလူးလိုချာပလာတူး
တစ်ယောက်မဟုတ်ပါ။
နင်ဂျှရတ်လိုအပြတ်ကောင်းပေမယ့်
ငါကလည်းကာကာလိုအသာလေးပါပဲဟယ်။
နင်ကလည်းပီတာဆပ်လို
အသေကပ်ပေမယ့်
ငါကလည်းဗန်ဒါဆားလို
အပြန်တစ်ရာသနားတယ်လို့
ပြောလိုက်ချင်တယ်။
အဲဒါတောင်နင်က
မော်ရင်ဟို
လုပ်ချင်သေးတယ်။
ရူးမိုက်မိုက်ဂျှစ်ကန်ကန်
မူမမှန်တဲ့နင့်ကိုလည်း
ဘက်ခမ်းရဲ့ဖရီးကစ်တွေနဲ့
ဧရာဝတီမြစ်ထဲကန်ချလိုက်ချင်တယ်။
Related Posts with Thumbnails