နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Thursday, May 21, 2015

Tuesday, February 4, 2014

(အသံပြုကြည့်ပါ)

သံသရာ | 1:30 AM | Best Blogger Tips
(အသံပြုကြည့်ပါ)
ဖြစ်ခြင်းပျက်ခြင်း
အတွင်းစပ်ကြားမှာ
တည်ခြင်းသဘောတရားနဲ့
ခဏတာလှုပ်ရှား
အလုပ်မအားကြတဲ့
လက်ရှိရဘ၀ခန္ဓာမှာ
မက်မောစရာဘာရှိလဲ?။

မမြဲခြင်းနဲ့အစိုးမရခြင်းကြား
ဒုက္ခတရားနဲ့ရုန်းကန်နေရတဲ့
ဒီရုပ်နာမ်မှာ
သာယာမှုသုခတွေများထွက်သလား?။

သောကနဲ့ပရိဒေ၀ကြား
အံကြိတ်ခြင်းတရားနဲ့ငိုကြွေး
အသက်ရှင်အောင်ကျွေးမွေးနေရတဲ့
ရုပ်နာမ်ဓမ္မတွေဟာ
မာနတရားခေါင်ခိုက်ပြီး
ဘ၀င်မြင့်တရားထောင်စိုက်နေကြတာဟာ
ဘာကြောင့်လဲ?။
ဖြစ်ပြီးနောက်ပျက်မယ်
မပျက်စီးခင်စပ်ကြား
လှုပ်ရှားမှုကြောင့်ရလာတဲ့
အသပြာ ဓနတွေနဲ့
အတ္တကိုသီးသန့်
မာနကိုဖြန့်ပြီး
ကြံ့ခိုင်အောင်ထုဆစ်နေမယ်ဆိုရင်
မေတ္တာနဲ့စာနာခြင်းတရား
ခေါင်းပါးလျို့ယွင်းပြီး
ငြိမ်းအေးခြင်းသုခ
သုညဖြစ်သွားမလား?။

ရရှိလာတဲ့လူ့ဘ၀ကို
ဓမ္မနဲ့ချိန်းထိုး
အတ္တကျိုးကိုပုံဖော်
ပရကျိုးကိုလှုံ့ဆော်ကာ
စေတနာထားဆောင်ရွက်သင့်သလား?။

အတ္တနဲ့ပရ
ဋ္ဌာနနှစ်ခုကို
ညီမျှစွာရွှေချ
ပီသစွာကကြိုးတစ်ခု
ဆောင်ရွက်မှုပြုမယ်ဆိုရင်
မနုဿလောကငြိမ်းချမ်းမလား?။

ဆင်ခြင်ဥာဏ်တရားနဲ့
စဉ်းစားမှုကိုရှေးရှု့
ညီမျှမှုပေတံနဲ့
ဝေဖန်ခြင်းအသံတစ်ခု
သင်ဘယ်လိုပြုကြည့်မလဲ?။….။

ဥပေက္ခာအယုအယ

မောင်သံသရာ | 1:30 AM | Best Blogger Tips
ဥပေက္ခာအယုအယ
ကရ၀ိတ်ငှက်တွန်သံလို
ချိုမြိန်တဲ့အချစ်ဈာန်
ငါရဲ့ထံပါးက
ကာပြန်ကာခဏခဏ
လက်ပြနှုတ်ဆက်သွားခြင်းဟာ…။

သက်ရောက်ကိန်းအရ
အချစ်ထိန်းဂြိုဟ်ခွင်
တိမ်ဝင်မြုပ်ကွယ်နေလို့
အချစ်ပန်းပြယ်သွားတာလား..။

ဂြိုဟ်ဇာတာဘုတ္တိမှာ
ထိမိသောအချစ်
အပြစ်ပေးသဘောနဲ့
တောထွက်သွားတာလား…။

မဟာဘုတ်တိုင်လာ
ချစ်မဟာဂဏန်း
ပုတိတန်း ရောက်နေလို့လား..။
ရာသီလဂ်အတန့်
ကြံ့ခိုင်မှုအင်းအား
နည်းပါေးနလို့လား..။

နာမည်ပေးခရားတိုင်
ယိုင်နဲ့စွာဇောက်ထိုး
ပြောင်းပြန်ကျိုးနေလို့လား..

ဘယ်လိုအကြောင်းတရားတွေ
အသားပေးကာနှိပ်စက်နေလို့
ချစ်သူရဲ့ဥပေက္ခာစိတ်နဲ့
ဝေယျာဝေစ္စဆောင်ရွက်မှုကို
ထောင်ဆက်ကျနေသူပမာ
ငါ့…ခံစားနေရတာလဲ…။

(အရည်ပျော်မာန)

သံသရာ | 12:44 AM | Best Blogger Tips
 (အရည်ပျော်မာန)

လူ့ဘ၀ လူ့လောက
လောကပေါင်းစုံ
ဘ၀ပေါင်းစုံ
ကံကြမ္မာပေါင်းစုံကို
မွေးဖွားခြင်းနဲ့ဖော်ထွင်း
အတွင်းသဘောကမာနအမှောင်
အရောင်တင်မှုကကွာမကျ
ရောက်ရာအရပ်က၊လူ့လောက
ဘောဂကြောင့်မာနထောင်
မသေအောင်ထ္မင်းစား
ရိုးသားမှုကဗလာ
ကြိုးစားမှုကနတ္ထိ
အသိနဲ့အရှိကနဝေတိမ်တောင်
ကတိနဲ့သတ္တိကအနေချောင်ချောင်
ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့
ယောင်ခြောက်ဆယ်သ္မားတို့ရဲ့မာန
အတိအကျကဗလာချာ
သောချာတာကအတ္တ
ပရအလုပ်ကနောက်ဆုတ်
မဟုတ်မဟတ်တွေကပွေလီ
ဗလဗွီလောက
သူ့ဘ၀ကသုည
ပီသစွာရမှာကရောယုဝ
ဒီမျှနဲ့ဘ၀လမ်းကို
ခြေလှမ်းလို့
သေပန်းပွင့်ရင်
တ---လိုက်စမ်းအောင်မလေး
အဲဒါဟာ--------
(လူမှုဆက်ဆံရေးနယ်မှာ မာနစိတ်ကိုရှေ့တန်းမတင်မိစေဖို့ရည်ရွယ်လျက်)

Thursday, November 7, 2013

ရမ္မာဝတီ ချစ်လှအောင်ရဲ့ခံစားချက်

မောင်သံသရာ | 1:07 AM | Best Blogger Tips


တစ်ယောက်တည်းရယ်

ပဲ့ပဲ့ဆင်းနေတဲ့အလွမ်းအိမ်ကြီးထဲမှာ

ကုစားနေရတာကလည်း


ဝေဒနာတစ်မျိုး

ရက်စွဲမရှိတဲ့ဆုတ်ဖြဲသွားတဲ

ပြက္ခဒိန်တွေမှာအလွမ်းတွေကို

အန်ထုတ်ခဲ့ရပေါင်းများကြောင့်

မြေမှာခတဲ့ရွက်ခြောက်တွေလိ့

လေနှင်ရာမှာလူးလိမ့်လို

အလွမ်းတွေနဲ့ရူးသွပ်ရလို့

ဘဝတစ်ခုလုံးလည်း

လမိုက်ညတွေဖြစ်ချင်တိုင်း

ဖြစ်နေလည်ရဲ့

အခုတော့ချစ်သူရယ်အသည်းကွဲ

အလွမ်းအဘိန်ဓာန်တွေကို

အထပ်ထပ်အခါခါ

ကျေညက်အောင်ကြည့်ထားပေမဲ့

နွမ်းလျှအားအင်တွေကြောင့်

အချစ်ကျောင်းတော်ကြီးကို

နောက်တစ်ခါပြန်မလာတော့ဘူး
https://www.facebook.com/spiderzaw.zaw   ချစ်လှအောင်ရဲ့ fb စာမျက်နှာ

Saturday, March 9, 2013

ဒီပဲရင်းမှ သတင်းမွှေး

Anonymous | 4:44 AM | Best Blogger Tips
 `ထိပေအ်သျှင်   ရှေးမူပြင်၍
အသွင်ဖေါ်ဆင်း    ဒီပဲရင်း  လျှင်
မွေးကင်းပြန့်ပွါး     ထင်ပေါ်ကြားသည်
များပြည်သူ     သိလေ၏


ထိပေအ်သျှင်     အမည်ရှင်ကား
ရှေးသွင်နာမ     ဗန္ဓုလနှင့်
သုပဏ္ဏက     ဂဠုနဟု
ရာဇဘွဲ့ခံ     ဆရာစံအား
ဖွါးရာဇာတိ  ဖြစ်လေ၏   ။


ထိပေအ်သျှင်     ရာဇ၀င်ဝယ်
စာတင်မှတ်တမ်း   စစ်မှုထမ်း၍
အစွမ်းလက်ပြ     ဗန္ဓုလဟု
တွေ့ရသောမြို့   ဖြစ်လေ၏


ထိပေအ်သျှင်     ရာဇ၀င်ဝယ်
သခင်နယ်ခြား     လက်စေပါးမှ
လယ်သမားအားလုံး    လွတ်ထွက်ရုံးကာ
အားသုံးတော်လှန်     ဆရာစံဟု
စာသံတွေ့မြို့    ဖြစ်လေ၏


ထိပေအ်သျှင်    သမိုင်းတွင်၍
အရှင်သတ္တိ    စွမ်းစရှိသော
အသိပညာ    ဥာဏ်ပညာတို့
ပေါ်လာထွန်းကား    စံတင်ထားတဲ့
မြို့ များထဲမှ    တမြို့တည်း  ။


1978 ဧပြီလ 11 ရက်နေ့တွင် ဒီပဲရင်းမြို့နယ်  လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီမှ ထုတ်ဝေသော


            ကေတု မျိုးမျိုးဇော်  (ရေဦး)   ရေးသားတင်ပြခဲ့သည့် ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်...

                          အရမ်းနှစ်သက်လို့ ပြန်လည် ရှာဖွေပြီး တင်ပြလိုက်ပါတယ်...

    ပြန်လည်တင်ပြသူ
အောင်အောင် (မကစ)
လေးစားစွာဖြင့်.. လယ်တီမြေသား။..............။
လာလည်နိုင်ပါတယ်...

www.ninilayy.com
www.aungsanmks.blogspot.com
www.ledimyethar.com
Related Posts with Thumbnails