နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Showing posts with label ပညာပေး. Show all posts
Showing posts with label ပညာပေး. Show all posts

Tuesday, February 4, 2014

(အသံပြုကြည့်ပါ)

Anonymous | 1:30 AM | Best Blogger Tips
(အသံပြုကြည့်ပါ)
ဖြစ်ခြင်းပျက်ခြင်း
အတွင်းစပ်ကြားမှာ
တည်ခြင်းသဘောတရားနဲ့
ခဏတာလှုပ်ရှား
အလုပ်မအားကြတဲ့
လက်ရှိရဘ၀ခန္ဓာမှာ
မက်မောစရာဘာရှိလဲ?။

မမြဲခြင်းနဲ့အစိုးမရခြင်းကြား
ဒုက္ခတရားနဲ့ရုန်းကန်နေရတဲ့
ဒီရုပ်နာမ်မှာ
သာယာမှုသုခတွေများထွက်သလား?။

သောကနဲ့ပရိဒေ၀ကြား
အံကြိတ်ခြင်းတရားနဲ့ငိုကြွေး
အသက်ရှင်အောင်ကျွေးမွေးနေရတဲ့
ရုပ်နာမ်ဓမ္မတွေဟာ
မာနတရားခေါင်ခိုက်ပြီး
ဘ၀င်မြင့်တရားထောင်စိုက်နေကြတာဟာ
ဘာကြောင့်လဲ?။
ဖြစ်ပြီးနောက်ပျက်မယ်
မပျက်စီးခင်စပ်ကြား
လှုပ်ရှားမှုကြောင့်ရလာတဲ့
အသပြာ ဓနတွေနဲ့
အတ္တကိုသီးသန့်
မာနကိုဖြန့်ပြီး
ကြံ့ခိုင်အောင်ထုဆစ်နေမယ်ဆိုရင်
မေတ္တာနဲ့စာနာခြင်းတရား
ခေါင်းပါးလျို့ယွင်းပြီး
ငြိမ်းအေးခြင်းသုခ
သုညဖြစ်သွားမလား?။

ရရှိလာတဲ့လူ့ဘ၀ကို
ဓမ္မနဲ့ချိန်းထိုး
အတ္တကျိုးကိုပုံဖော်
ပရကျိုးကိုလှုံ့ဆော်ကာ
စေတနာထားဆောင်ရွက်သင့်သလား?။

အတ္တနဲ့ပရ
ဋ္ဌာနနှစ်ခုကို
ညီမျှစွာရွှေချ
ပီသစွာကကြိုးတစ်ခု
ဆောင်ရွက်မှုပြုမယ်ဆိုရင်
မနုဿလောကငြိမ်းချမ်းမလား?။

ဆင်ခြင်ဥာဏ်တရားနဲ့
စဉ်းစားမှုကိုရှေးရှု့
ညီမျှမှုပေတံနဲ့
ဝေဖန်ခြင်းအသံတစ်ခု
သင်ဘယ်လိုပြုကြည့်မလဲ?။….။

(အရည်ပျော်မာန)

Anonymous | 12:44 AM | Best Blogger Tips
 (အရည်ပျော်မာန)

လူ့ဘ၀ လူ့လောက
လောကပေါင်းစုံ
ဘ၀ပေါင်းစုံ
ကံကြမ္မာပေါင်းစုံကို
မွေးဖွားခြင်းနဲ့ဖော်ထွင်း
အတွင်းသဘောကမာနအမှောင်
အရောင်တင်မှုကကွာမကျ
ရောက်ရာအရပ်က၊လူ့လောက
ဘောဂကြောင့်မာနထောင်
မသေအောင်ထ္မင်းစား
ရိုးသားမှုကဗလာ
ကြိုးစားမှုကနတ္ထိ
အသိနဲ့အရှိကနဝေတိမ်တောင်
ကတိနဲ့သတ္တိကအနေချောင်ချောင်
ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့
ယောင်ခြောက်ဆယ်သ္မားတို့ရဲ့မာန
အတိအကျကဗလာချာ
သောချာတာကအတ္တ
ပရအလုပ်ကနောက်ဆုတ်
မဟုတ်မဟတ်တွေကပွေလီ
ဗလဗွီလောက
သူ့ဘ၀ကသုည
ပီသစွာရမှာကရောယုဝ
ဒီမျှနဲ့ဘ၀လမ်းကို
ခြေလှမ်းလို့
သေပန်းပွင့်ရင်
တ---လိုက်စမ်းအောင်မလေး
အဲဒါဟာ--------
(လူမှုဆက်ဆံရေးနယ်မှာ မာနစိတ်ကိုရှေ့တန်းမတင်မိစေဖို့ရည်ရွယ်လျက်)

Monday, February 4, 2013

သတိချပ်ထားပါ

မောင်သံသရာ | 1:15 AM | Best Blogger Tips
သတိချပ်ထားပါ
 ဗုဒ္ဓရှင်တော်မြတ်ကို
လုပ်ကြံသတ်ဖြတ်သူဟာ
သွေးသားရင်ချာ
ရှင်ဒေ၀ဒတ်ဖြစ်တယ်။
မြန်မာပြည်လွတ်လပ်ရေးဖခင်
သခင်အောင်ဆန်းကို
ညှဉ်းပန်းသတ်ဖြတ်သူဟာ
မြန်မာပြည်သား
ဂဠုန်ဦးစောဖြစ်တယ်။
အိန္ဒိယနိုင်ငံ
လွတ်လပ်ရေးခေါင်းဆောင်
မတစ်ထောင်တစ်ကောင်ဖွား
ဘာဘူကြီးမဟတ္တမဂန္ဒီကို
မရဏခရီးပို့ဆောင်ပေးသူဟာ
ဟိန္ဒူအကြမ်းဖက်သ္မားဂိုဆေးဖြစ်တယ်။
အောင်မြင်နေသူ
သင့် လိုလူအတွက်
မရဏသေးလမ်းကို
တကယ်တမ်းခင်းပေးမယ့်သူ
ဘယ်လိုလူဖြစ်မလဲဆိုတာ
ဥာဏ်ပညာဖြင့်ထောက်ရှု့
ဂရုပြုစောင့်ကြည့်မှုတွေနဲ့
အမြဲသတိချပ်ထားပါ။ ။

ဖာထေးခြင်း

မောင်သံသရာ | 12:39 AM | Best Blogger Tips
ဖာထေးခြင်း
ချစ်စကားမပြောဘူးတဲ့လူပျိုရိုင်းတစ်ယောက်
ချစ်စကားပြောရဲဖို့
ပတ်ဝန်းကျင်တိုက်တွန်းအားလိုတယ်။

သူဋ္ဌေးဆိုတဲ့ဘွဲ့ကိုရဖို့
ဆင်းရဲတဲ့လူများရှိဖို့လိုတယ်။

သူဆင်းရဲဆိုတဲ့ဘွဲ့ကိုရဖို့
သဋ္ဌေးဆိုသူများရှိဖို့လိုတယ်။

ဆင်းရဲသူများကြီးပွားချမ်းသာဖို့
ကူညီဖေးမသူနဲ့လမ်းကြောင်းညွှန်ပြမယ့်သူလိုတယ်။

လူမိုက်တစ်ယောက်အကောင်းဖက်ဦးလှည့်ဖို့
ဆုံးမစကားပြောကြားပေးသူလိုတယ်။
ဝေဒနာရှင်တစ်ယောက်စိတ်ဓာတ်မကျဖို့
အားပေးမယ့်အဖော်တွေလိုတယ်။

ပညာနည်းပါးသူများအတွက်
ပညာတွေဝေမျှပေးမယ့်ပညာရှင်တွေလိုတယ်။

စကြာဝတေးမင်းဆိုတဲ့နာမပညတ်ကိုရဖို့
သူပြုခဲ့တဲ့အတိတ်ကံနဲ့သူ့အောက်ခိုလှုံမယ့်ပြည်သူတွေလိုတယ်။

ပြဿနာများစွာကိုဖြေရှင်းဖို့အတွက်
စိတ်ဓာတ်တည်ငြိမ်မှုနဲ့ပြဿနာရဲ့ကွင်းဆက်ကိုသိဖို့လိုတယ်။

စိတ်ဓာတ်တည်ငြိမ်ဖို့အတွက်
သမာဓိရအောင်အားထုတ်ဖို့လိုတယ်။

သူ ငါ တို့ရဲ့ဘ၀တိုးတက်ဖို့
ပတ်ဝန်းကျင်ပံ့ပိုးအားအပေါ် အမှီပြုဖို့လိုတယ်။

လိုတယ် လိုတယ် နဲ့
လိုအပ်မှုတွေနဲ့ပြည့်နှက်နေတဲ့လောကကြီးမှာ
တစ်ဦးကိုတစ်ဦး
မေတ္တာ ကရုဏာတွေ
အပြန်ပြန်အလှန်လှန်ပေးကြရင်း
ဖေးမ၊ကူညီ၊ဆက်ဆံကြလျင်
လူဘ၀ရဲ့နာကျင်မှုတွေကို
ဖာထေးနိုင်တော့မပေါ့။

Sunday, February 3, 2013

အ၀င်အထွက်

မောင်သံသရာ | 12:06 PM | Best Blogger Tips
အ၀င်အထွက်

အာရုံငါးပါး
ဒွါရတံခါးထဲတိုးဝင်
ဒုက္ခအမွှေးအပင်အားလုံးကို
နိကန်မင်အရောင်ဆိုးလိုက်တော့(ဘ၀ကိုတပ်မက်မောသောအရောင်)
အနုအလှသံစဉ်တွေဖြစ်ပေါ့.........။

ယုယပိုက်ထွေးစရာသဘောနဲ့
သာယာစွာကကွက်ဆန်းတို့က
ဖူးစာနန်းသို့ဦးတည်
စည်းချက်ညီလှုပ်ရှား
သွေးသားတွေအားသစ်ထချိန်မို့
ဒုက္ခသစ္စာတရားလို့........ထင်မလဲ?။

အတ္တတောင်ပံတွေက
သံစဉ်တွေအစုံထုတ်လို့
အမည်မဲ့လှုပ်ယမ်းမှုတွေကြီးထွား
ဒုက္ခတရားကိုကာလာတင်
ကမ္ဘာကိုအလှဆင်ပျံသန်းကြသမို့
မဇ္ဈိမ ပဋိပဒါဆိုတာ ဘာလဲ...?။

မညီမျှတဲ့လမ်းစဉ်နဲ့
ခုံမင်ကာအမြတ်ထုတ်
ကကြိုးရုပ်တို့ရဲ့ဝိညာဉ်
ကမ္ဘာမြေခွင်က ဟိုး အဝေးခရီးသို့
ဒုန်းစိုင်းထွက်ခွါသွားရတဲ့အခါ.....?။

အသိတရားထဲ
စွဲငြိတွယ်နေတဲ့အတ္တ
ထကြွမသောင်းကြမ်းအောင်
ရှောင်ကြဉ်ကာဖယ်ရှား
မဇ္ဈိမတေးသွားညီအောင်
ကျင့်စဉ်ဆောင် ထိမ်းညှိထားနိုင်မှ
ဝိမုတ္တိတံခါးဆီသို့
ဦးတည်ကာ ထွက် နိုင်တော့မပေါ့............။

အယ်ရာရှင်းတမ်း

မောင်သံသရာ | 10:47 AM | Best Blogger Tips
 အယ်ရာရှင်းတမ်း 
သဒ္ဓါတရားနှင့်ထုံးလွမ်းထားတဲ့စိတ်ဟာ
ယုံကြည်မှုမရှိခြင်းကို ဖောမဲ့ချထားတယ်။

ဝီရိယနှင့်အားကောင်းနေတဲ့စိတ်ဟာ
ပျင်းရိခြင်းကို အင်စတော်လေးရှင်းမလုပ်ဘူး

သတိနှင့်ပြည့်စုံနေတဲ့စိတ်ဟာ
မေ့လျော့ခြင်းကို မရမ်းဘူး

သမာဓိနှင့်ပြည့်စုံနေတဲ့စိတ်ဟာ
ပျံ့လွင့်ခြင်းကို ဆေ့ဖ်မလုပ်ဘူး
  

ပညာနှင့်ပြည့်စုံနေတဲ့စိတ်ဟာ
အ၀ိဇ္ဇာမောဟကို ကော်ဖီမကူးဘူး

ဥာဏ်အလင်းနှင့်ပြည့်စုံနေတဲ့စိတ်ဟာ
အမိုက်တိုက်ကို အင်ဗိုက်မလုပ်ဘူး

ဆိုတော့

မိမိတို့ရဲ့စိတ်ဆိုတဲ့ဒေတာပေါ်မှာ
စေတနာဆိုတဲ့ မက်မိုရီ စိုက်ပြီး
သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာ ဥာဏ်အလင်းတို့
ပေါင်းစပ်ရောမွှေထားတဲ့ဝင်းဒိုး တစ်ခု
တင်ထားလိုက်မယ်ဆိုရင်
သောက ပရိဒေ၀ တို့ကိုဖြစ်ပေါ်စေမယ့်
ပြဿနာ အယ်ရာ တိုင်းကို
ငြိမ်သက်စွာဖြေရှင်းနိုင်တော့မယ်မပေါ့….။

Friday, December 30, 2011

ကပ်ရောဂါ

မောင်သံသရာ | 2:29 AM | Best Blogger Tips
 ကပ်ရောဂါ
တစ်တီတူးငှက်
ထက်အာကာ
မိုးကမ္ဗလာကိုခြေကန်ပြီး
ပက်လက်လှန်အိပ်တာ
မိုးပြိုမှာစိုးလို့ဆိုပဲ။

မြင်းသတ္တ၀ါ
သုံးဖက်သာခြေထောက်ပြီး
နောက်တစ်ဖက်ကြွအိပ်တာ
မြေပြိုမှာစိုးလို့ဆိုပဲ။

သစ်ပင်ပေါ်အိပ်တဲ့မျောက်
မြေပျောက်မှာစိုးလို့
တစ်ညသုံးခါဆင်းပြီး
မြေကြီးကိုစမ်းတယ်ဆိုပဲ။

ဒဏ္ဍာရီစကား
နားထဲမှာဟာသသဖွယ်
အသွယ်သွယ်ငါတို့ကြားခဲ့ပေါ့။

ယနေ့
ပြည်တည်နာတွေနဲ့
မွှေနောက်ခံနေရတဲ့
ယနေ့ကမ္ဘာ
အစစ အရာရာ
ယိုးယွင်းကာ
သွက်ချာပါဒလိုက်နေပြီဆိုပဲ။

ဘယ်အခါသွေးတိုးနဲ့
ဆိုးဝါးစွာနောက်ဆုံး
ကိစ္စတုံးမလဲဆိုတာ
ပါရဂူပညာရှင်တို့
ရင်စို့မှာစူးငြောင့်တွေနဲ့
စောင့်ကြည့်ကာရင်တမမဖြင့်
မျက်ဖြူခနေကြသတဲ့။

အဏုမြူလက်နက်ပိုင်ရှင်တို့
စိတ်မခိုင်စွာလောင်စာအတွက်နဲ့
လောဘတက် ဒေါသထွက်လို့
အဏုမြူလက်နက်မိုး
ကမ္ဘာကိုရွာသွန်းဖြိုးခဲ့ရင်
သင်  ငါတို့ ဘ၀အဖုံဖုံ
သရဏဂုံတင်ချိန်တောင်ရပါ့မလား။

ယင်းသို့အနာဂတ်ကိုမျှော်
အပျော်ကိုဖယ်ထုတ်
ပစ္စက္ခအလုပ်ကဓမ္မ
သမအောင်စိတ်ကိုမွှေ
ဖည်မသွေနှလုံးသားထဲ
မြတ်တရာဝပ်စင်းနေပါမှ
ဝင်လာမယ့်ကပ်လောကဓံ
အာခံကာတုန်လှုပ်စိတ်
ငါတို့တွေ
ချောင်ပိတ်ထားနိုင်လိမ့်မယ်။     ။




ဆွဲထုတ်ခြင်း

မောင်သံသရာ | 2:27 AM | Best Blogger Tips


တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား
တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ်
သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း
ဆန်းစစ်ကြည့်   အနှစ်ရှိသလားလို့ပေါ့။

မရည်ရွယ်ပဲဇော်ကဲမင်းဖြစ်တာ  ဂွတ်ပေမယ့်
မရည်ရွယ်ပဲသူများသိက္ခာကိုကျစေလိုက်တာ
အပြစ်အနာအဆာကင်းသလား။

တစ်နေ့တာဖြစ်ပျက်သမျှအလုံးစုံကို
အကုန်ဖွင့်ထုတ်သင့်သလား…
မိသားစုထဲကိုပေါ့……

သိက္ခာဆိုတာ     ဘာလဲ..
ထိမ်းသိမ်းရမယ့်ကျင်းဝတ်တစ်ခု
ဂရုပြုအလေးမမူဘဲ
နှုတ်ပိတ်မှု့ချို့တဲ့တော်မူရင်
ဗလောင်ဆူပွတ်သွားမယ်
လောကလူ့ဘောင်တွေပေါ့။

တစ်ဖက်သားအသဲကြား
ခံစားရစေတဲ့ နှိပ်ကွပ်ခြင်း
သေမင်းကိုဖိတ်ခေါ်သလိုဖြစ်တတ်တယ်။

 စကားဆို  တောင်လို မမောက်နဲ့
တံတားအို မှောင်ကိုမလျှောက်နဲ့
ရှေးစကားအဆို အထားအသိုကောင်းပေမယ့်
အမှားမျိုထားသူတွေကတော့
ပစ်စလက်ခတ်လုပ်တတ်တယ်။

အန္တရာယ်ဆိုတာ အလမ္ပယ်ဆရာ မလိုဘူး  ဟေ့  လို့
အနော်မှာ ဟိုဖက်မှာ ဆံပယ်သလို
အလွယ်လေးရယ်လို့ထင်မှတ်
ယတိပြတ်အတေွး နဲ့
နားဝေးနေရင်
ပတ်ဝန်းကျင်ဘောင်ထဲက
လွဲဖယ်ခံအဖြစ်နဲ့အထီးကျန်ရတတ်တယ်။

ဘရိတ်
နေရာတကာမှာ သိက္ခာ
နေရာတကာမှာ ကရုဏာ
နေရာတကာမှာ မေတ္တာ ဆိုတဲ့
ဘရိတ်နဲ့အပိတ်
ကြိတ်မှိတ်မထားရင်
အမျိုးအစား မကွဲပြားတဲ့ပြဿနာ
ဖွေရှာနေသလိုဖြစ်တော့မှာပေါ့။

ငွေပဲရှိရှိ
ပဒေသာပင်ပဲရှိရှိ
ရှိချင်တာရှိပါစေ
သေရွာက စပွန်ဆာမပါပဲ
သေချာစွာ ကြော်ငြာလိုက်မှာက
မြေဇာပုံအဖြစ်ပါ။

မြေသားက၀ါးစားခံရမယ့်
ရုပ်နာမ်သားတွေဟာ
ပြဿနာတွေကို
ဘာ.ဘာ..ဘာ..ဘာဖြစ်လို့
ဆွဲထုတ်နေကြရတာလဲ။   ။

Related Posts with Thumbnails