ခြေသံမပေး တိတ်တိတ်ကလေး
ချဉ်းနင်းဝင်ရောက်
အသည်းတံခါးခေါက်သူ
တွေ့ဖူးမြင်ဖူး
မထူးမှန်းလဲသိ
ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ်
ဆန္ဒတစ်စုံ-- လေအဟုန်မှာ
လွှင့်မျော ပျောက်ကွယ်
ဟိုး---- အဝေးမယ်
ချစ်သူရယ်
အမည်မသိဝေဒနာကို
ဘယ်လိုကင်ပွန်းတပ်ရပါ့။
(ဖော်ပြခွင့်ပေးသူ နှင်း မိသားစုဖိုရမ်)
No comments:
Post a Comment