နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Wednesday, September 15, 2010

(ဖူးစာမဲ့ရှေ့)

သံသရာ | 12:17 AM | Best Blogger Tips
မဒ္ဒီဒေ၀ီက
ဝေဿန္တရာကို
အကြင်နာပေးလုပ်ကျွေးရင်း
နွေးထွေးစွာပါရမီဖြည့်ပြီး
ဘ၀ခရီးလျောက်လှမ်းခဲ့တယ်။
ယသော်ဓရာက
သိဒ္ဓတ္ထမင်းသားကို
စွမ်းအားဖြည့်ပေးရင်း
ပါရမီဒုနဲ့ဒေးကိုဖော်ထုတ်ဖို့
ဝီရိယမဆုတ်စေပဲ
ပါဝင်ကာကကြိုးလှုပ်ခဲ့တယ်။
သီတာဒေ၀ီက
ရာမမင်းသားကို
ခစားပြုစုရင်း
ဘ၀လှိုင်းတွင်းမှာ
ဝင်ရောက်ကာအဖော်ပြုပေးခဲ့တယ်။
ဧ၀ကအာဒံကို
သနမာစွာလက်တွဲချိတ်
သိပ်သည်းစွာအကြင်နာတွေနဲ့
ကမ္ဘာကိုအလှဆင်ခဲ့တယ်။
မေရီနဲ့ခရီဂျာစသည်တို့က
မဟာမဒ်ဆာဟဒ်ကို
အလ္လာဟတရားတိုးပွါးစေဖို့
ကြိုးစားကူညီခဲ့ကြတယ်။
သူရဿတီကဗြဟ္မာကို
ကမ္ဘာအပြုသဘောဆောင်
တည်ထောင်ဖန်ဆင်းမှုမှာ
လက်တွဲကာပါဝင်ခဲ့တယ်။
လက္ချမီးကဗိသျှနိုးကို
ဗြဟ္မာရဲ့ကျောရိုး
မတိမ်ကောစေဖို့အရေး
စောင့်ရှောက်ပေးတာဝန်
ကျေပွန်စွာထမ်းဆောင်မှုမှာ
ယှဉ်တွဲကာရင်ချင်းအပ်ခဲ့တယ်။
ပါရ၀တီကရှီဝကို
ကမ္ဘာရဲ့အလှ
လောင်မီးချဖျက်ဆီးရေးမှာ
တူညီစွာလက်တွဲမဖြုတ်ပဲ
အားထုတ်ကာအဖော်ပြုပေးခဲ့တယ်။
အတွဲတွေကိုယ်စီနဲ့
မြေမဟီလူ့ဘုံမှာ
တူယှဉ်ကာဆောင်ရွက်မှု
အဖုံဖုံပြုခဲ့ကြတယ်။
ငါ………………..
လူ့ဘ၀နော်ကံတစ်ခုနဲ့
ခန္ဓာစုရယ်လို့ဖြစ်လာ
ငါ့ဘ၀ဒီခန္ဓာမှာ
တူယှဉ်ကာလမ်းခရီးလျောက်ဖို့
သောက်ရှူးကြယ်ယမင်းကလျာ
ဖူးစာကပါမလာတော့လည်း
ငါတကိုယ်ဘ၀ခရီးကို(မှာ)
အထီးကျန်လူသားအဖြစ်နဲ့
အိုအေစစ်ကိုဖန်တီးနိုင်ပါ့မလား..?။

No comments:

Post a Comment

Related Posts with Thumbnails