ကိုယ့်ချစ်ခြင်းပို၊ယမင်းပျိုက
ကြားလိုစကား၊ကြားချင်ငြားက
လာခဲ့ဒီနေ့၊နှလုံးတွေ့ကာ
ဆုံးဖြတ်တာက၊၂၉.၁၀.၂၀၀၀.နေ့။
အဲဒီနေ့
ခုန်လိုက်တဲ့ရင်၊ဘယ်လိုပင်ထိမ်းထိမ်း
တပြင်လုံးရဲ့ခန္ဓာ၊လှုပ်ယမ်းကာကလျက်ပေါ့။
ငါ့ရဲ့ခန္ဓာ၊ချိန်းဆိုရာသို့
ကညာမရောက်၊ကြိုတင်လျောက်ကာ
နေရာဦးလျက်ပေါ့။
အချိန်ရဲ့သံသရာ၊လည်ပတ်ကာဖြင့်
နေရာအိပ်တန်းသို့၊ခြေလှမ်းလို့ပြန်သွားကြပြီ
စောင့်စားရငါ့ခန္ဓာ၊မျှော်ကာသာမော
ကညာချောက၊ပေါ်မလာဘူးလေ။
x,x.2000၊အဲဒီနေ့
တဏှာကျေးကျွန်၊အလိုက်လွန်ပြီး
ချွန်ထွက်မလာတဲ့၊ကံကြမ္မာဆိုးကြောင့်
အကျိုးကနတ္ထိပေါ့။
အကျိုးသုည၊ရခဲ့တဲ့ဒီနေ့
အောင့်မေ့စဉ်းစား၊သံဝေဂတရားနဲ့
ဖြေထားလိုက်တာက၊
အမှောင်ကျနေ့စွဲပေါ့
ချစ်ရသူရယ်။ ။
No comments:
Post a Comment