စိတ်ကစိတ်ကို ဓားနဲ့မွှန်းတယ်
စိတ်ကစိတ်ကို စောင်းကြိုးညှင်းတယ်
စိတ်က အကြမ်းဖက် အဖွဲ့အစည်းလိုထွက်ပြီး
စိတ်ကငြိမ်းချမ်းရေးသမားလို စေ့စပ်တယ်။
စိတ်က ဒွါရကိုးပေါက်နှင့်တင်မလောက် မလောက်လို့
ထွက်ပေါက်အသစ်ရှာတယ်
စိတ်က ဘယ်မှမထွက်ပဲ စိတ်ထဲလှည့်မွှေနေတယ်။
စိတ်ကကောင်မလေးတစ်ယောက်ရဲ့
ကောက်ကြောင်းအတိုင်းသွားပြီး
စိတ်က မမြဲတဲ့သင်္ခါရသဘောမှတ်ပြန်တယ်။
စိတ်က အကုန်ရလိုကြောင်းတောင်းတဲ့အခါ
စိတ်ကအလိုမ၀ကြောင်းပြန်ရတယ်။
ဒေါသမျက်မှန်တစ်လက်ရတယ်
ကြမ်းတမ်းတဲ့ဓားတစ်လက်ရတယ်
ငါသာမှန်ကြောင်း တောင်ဝှေးတစ်ချောင်းရတယ်
စိတ်ကစိတ်ကိုကျောင်းလို့မရသေးသမျှ
ဆင်းရဲတရားက ရတနာတစ်ပါးလို
နေသားတစ်ကျဖြစ်လို့ပေါ့။
(ဖော်ပြခွင့်ပေးသူ ရတနာမောင် မိသားစုဖိုရမ်)
No comments:
Post a Comment