ငှက်ကလေးများ၊လာရောက်ခိုနား
သစ်ကိုင်းများဟာ၊ငှက်များရဲ့ထအပျံ
အကန်ခံရမှုကြောင့်၊အလွန်တုန်ခါမှုတစ်ခု
ပိုင်ဆိုင်မှုပြုလိုက်ရတယ်။
လှိုင်းကလေးများ၊ဆော့စကားမှုဒဏ်
ခံရတဲ့ကမ်းခြေဟာ၊သူ့နေရာအ၀ိုင်းက
လှိုင်းကလေးများ၊နောက်ဆုတ်အသွားမှာ
အထီးကျန်နေခဲ့ပါတယ်။
ကျုပ်နှလုံးသားလည်း
ပြုစားသူမင်းရဲ့၊ပြင်းထန်သောကန်ချက်
ရက်စက်မှုကြောင့်၊သက်သာခြင်းဝေးစွာ
လှုပ်ခါနေရတယ်။
မင်းရဲ့ပျော်စရာ၊
အိပ်မက်ကမ္ဘာကို
ဆုတ်ကာအသာသိမ်းသွားတော့
ကိုယ့်နှလုံးသားအထီင်္းကျန်နေရပါတယ်။
တုန်ခါမှုနဲ့အထီးကျန်မှု
ဘယ်လိုပြုမလဲ၊
အသံနှလုံးရဲ့အသိအာရုံမှာဝိုးတ၀ါး
မထင်ရှားဘူးဖြစ်နေတယ်။
ကျိန်စာသင့်နှလုံးသားကို
ဘောင်ခတ်အကျဉ်းချမယ်စိတ်ကူး။
ဒါပေမယ့်
ဒီအသိ ဒီအတွေး
ခပ်ဝေးလေးထွက်သွားတယ်
ဘာကြောင့်လဲ..?
နှလုံးသားထဲကချစ်ခြင်း
ပြိုဆင်းမသွားတဲ့အပြင်
ကြင်နာခြင်းကိုထပ်လောင်း
အချစ်စိတ်ချောင်းစီးမှုဟာ
ရပ်တန့်မသွားလို့ပါပဲ။
မဆာဝါရဲ့
အလှကွန်ချာအောက်
ဝင်ရောက်သက်ဆင်း
အလင်းသို့ရုန်းမထွက်နိုင်
တမှိုင်မှိုင်ဖြစ်နေရှာတဲ့
ဥပကကြီးပမာ………….
ကိုယ်လည်း…မင်းရဲ့အလှ
ရသကွန်ချာအောက်မှာ
ပုဝါကောက်ပွဲ
ဆင်နွှဲခစား
ရုန်းထွက်မသွားနိုင်ပါလား……ချစ်သူ။
လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
Wednesday, September 15, 2010
Subscribe to:
Post Comments (Atom)
!-kp3နည်းပညာ-http:>

No comments:
Post a Comment