လူ့ဘ၀ဇာတ်ရုပ်ကို
ဘယ်အချိန်ကပြုလုပ်လို့
ကကြိုးထုတ်နေရလဲ
ငါမသိဘူး…
ငါ့ရဲ့ခန္ဓာ
ဘယ်ရောဂါမွှေနှောက်လို့
အသက်ပျောက်မလဲဆိုတာ
ငါ့အသိထဲမှုန်ရီဝိုးတ၀ါး….
ငါ့ခန္ဓာရဲ့အသက်
ဘယ်အတွက်ရှင်သန်နေလဲ
ငါရဲ့အသိနတ္ထိပေါ့….
ငါ့ခန္ဓာရဲ့ရုပ်အလောင်း
ဘယ်သင်းချိုင်းအောင်းရမလဲ
ငါ့အသိထဲနေရာမရှိဘူး…
ငါ့ရဲ့ခန္ဓာ
ဘယ်နေရာမှာ
တည်မြဲစွာနေရမလဲ
ငါမပြောတတ်ဘူး..
မသိခြင်းတွေနဲ့
ရောမွှေထားတဲ့ငါ့ခန္ဓာမှာ
သေချာစွာအသိတစ်ခု
လင်းလဲ့မှု့ဖြစ်နေတာက
ကမ္ဘာဦးအစ
အာဒံနဲ့ဧ၀တို့
ဖော်ထုတ်ပြခဲ့တဲ့
ချစ်ခြင်း..တရားလေးရယ်ပါ။ .
No comments:
Post a Comment