နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Monday, September 20, 2010

(စဉ်းစား)

သံသရာ | 3:21 AM | Best Blogger Tips
လေနတ်သားက
ကောက်ကာငင်ကာဝုန်းကနဲ
လေတိုက်ပစ်လိုက်တယ်၊
သစ်ပင်ကနတ်ပူးသလို
သူ့ခန္ဓာကိုယ်ကိုလှုပ်ခါလိုက်တော့
အညှာမခိုင်တဲ့သစ်ရွက်ခြောက်တွေ
သူ့နေရာသစ်ပင်ပေါ်မှကြွေကျ။
မြေပေါ်မကျခင်
လေဆောင်ရာအလိုက်သင့်လိုက်သွား
သူကျမယ့်နေရာဘယ်မလဲသူမသိ။
အတိအကျနေရာသူရှာမတွေ့
လေပေါ်တ၀ဲလည်လည်ဖြစ်ရင်းက
စဉ်းစားခန်းဝင်နေတယ်။
ဘဝ
ပုထုဇဉ်ဘဝ
ရရှိလာတယ်လူ့ဘုံမှာ
ညစ်ညူးခြင်း ပျော်မွေ့ခြင်းတွေနဲ့
ရုန်းကန်လှုပ်ရှားနေရင်း
မရဏလေမင်းက
သေခြင်းလေပွေဝင်တိုက်ပစ်လိုက်တယ်
ကဲ....သေခြင်းလေပွေတိုက်ခြင်းခံရတဲ့
ခန္ဓာသစ်ရွက်.ဘယ်နား၊ဘယ်ဋ္ဌာန
ဘယ်နေရာ..ကျမလဲ၊

No comments:

Post a Comment

Related Posts with Thumbnails