နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Sunday, September 19, 2010

နိမ့်ကျသောသံသရာ(ချစ်လှအောင်ရဲ့ခံစားချက်)

သံသရာ | 5:13 AM | Best Blogger Tips
အရေးကြီးတယ်..ဘာလဲ?
ငွေ……
အရေးကြီးတယ်..ဘာလဲ?
ဂုဏ်….
ခပ်နဲ့နဲ့အမြစ်နှင့်
ကုတ်ခြစ်ရှင်သန်နေရတဲ့ဘ၀မှာတောင်
အတ္တတွေဟာခ၀ါချလို့မကုန်ပါလား
မျိုးစုံလှပတဲ့တဏှာတွေက
နေရာယူထားလေတော့
ငါတို့အတွက်သစ္စာတရားဆိုတာ
ဘယ်အခါမှာရှာတွေ့မှာလဲ?
များပြားလှတဲ့တဏှာတွေကြားမှာ
ဝိုးတစ်ဝါးဝါးအသိတွေက
ဥာဏ်ယှဉ်ကာမဖယ်နိုင်တော့
မအောင်နိုင်တဏှာစစ်ပွဲမှာဖြင့်
ငွေယောင်ယောင်ဂုဏ်တွေကြောင့်
လည်ပြန်ပြီသံသရာတစ်ပတ်
ရစ်ပတ်လို့သာသွားပြန်ပြီ..ပေါ့။

No comments:

Post a Comment

Related Posts with Thumbnails