စိတ်ထဲမှာအချစ်
ဝေဒနာမြစ်တစ်ခုသို့
စုဝေးကာဖြစ်ပေါ်လာတယ်။
အချစ်ကိုရလိုမှု့
မရမှာစိုးရိမ်မှု့နဲ့
သောကဒုက္ခထုတွေ
ရင်တွင်းမှာအုံကြွ
ဆည်းကပ်ခစားလျက်ပေါ့။
ရလိုတဲ့အချစ်ကို
ပြစ်ကင်းစွာမုချ
လှပစွာရခဲ့ရင်
သုခချမ်းသာ
ပီပြင်စွာဖြစ်ရော့လား
နိုး..နိုး..နိုး..ပေါ့။
အချစ်တစ်ခုပြီးတစ်ခုသို့
မျောက်လိုခုန်ကူးလိုစိတ်
ဟဒယအိတ်ထဲကို
ဆွဲထည့်သလိုဝင်ရောက်လာပြန်ရော့။
ဒဿဂီရီလို
အချစ်စိတ်နဲ့
ဥမ္မာဒဖြစ်သူ
ဤဇဗူမှာ
ဖြူလွလွ.logo.တစ်ခု
ဖြစ်တည်မှုရှိရဲ့လားလို့
သုတေသန
ပြုမရနိုင်တော့ပါ။
မာဃလုလင်လို
အချစ်ရဲ့တန်ဖိုး
အကျိုးအမျိုးမျိုးရယ်လို့
စောဒနာနယ်အတွင်း
သက်ဆင်းမှုမရှိပဲ
စိတ်ထဲမှာချစ်အက္ခရာ
သေချာစွာရေးခြစ်သူ
ဒီရာစုမှာ..ဟုန်သွားပြီပေါ့။
အချစ်ရသကို
ယုယခုံမင်ကာ
ပီပြင်စွာခံစား..မခံစား
နှစ်စားနှစ်ရပ်သောသူ
ဘယ်သူပဲဖြစ်ဖြစ်
ဒီခန္ဒာနဲ့သံသရာ
ရွေ့လျားကာလည်ပတ်နေသမျှ
ဒုက္ခဆိုတာ.မွှေနှောက်နေမှာပါပဲ။
အချစ်စိတ်
အစစ်အမှန်နဲ့
ဧကန်ဒိဋ္ဌ
ချစ်ချင်သပဆိုရင်
ကိလေသာနှောင်ကြိုးဖြင့်
နောင်ဘ၀မပျိုးရအောင်
ဘောင်အကန့်တစ်ခုနဲ့
သံသရာလည်ပတ်မှုကို
သင်ဘီဇာဖြတ်လိုက်ပါ။ ။
No comments:
Post a Comment