မုန်းမာန်တွေဝင်
သူ့ရင်ခွင်တွင်
ငါဟာမသိ
ခိုဝင်မိ၍
အချစ်သံသရာလည်ခဲ့သည်။
အချစ်အဆိပ်
မိသောစိတ်နဲ့
ယိုင်နွဲ့ခွေခါသူ့မာယာတွင်
ရေင်ပြင်စုန်မျှော
လှိုင်းတံပိုးနဲ့
ဒုက္ခများစုံ
ချိန်တွေကုန်လဲ
ရင်ဖိုသဲလှိုက်
ချစ်တဲ့စိတ်ကားတိုးခဲ့ပြီ။
ပြန်လာနိုးနိုး
အချစ်ဇောနဲ့
မျှော်ခဲ့ပြန်လည်းမျှော်သာမျှော်ရှာ
ပေါ်မလာတော့ပျော်ရာနတ္ထိရှိလေ၏။
ခိုဝင်လာခဲ့ငါ့ရဲ့သည်းကို
ချမ်းအေးမြမြတစ်ခဏလေး
ပေးခဲ့ရင်ဖြင့်
သံသရာထဲပူဆွေးပါစေ
အမုန်းတွေနဲ့ပြစ်သွားပါစေ
မာယာတွေနဲ့ပြုစားပါစေ
ငါဟာပီတိကျေနပ်မိ၏။
No comments:
Post a Comment