ချစ်သူအိပ်မက်တိုင်းသည်
မှိုင်းညို့ရီလို့
ခပ်ပျော့ပျော့မို့
ပြောရမှာလဲရှက်မိသည်။
အချစ်တွေကိုကိုပုံပေး
မလုံလဲတဲ့စိတ်တွေကိုထိမ်းချုပ်
ခပ်ကုပ်ကုပ်နေခဲ့တာတောင်
အပြစ်တွေဟာ
ငါလုပ်တာချည်းပဲလား?
ရှိပါစေတော့ချစ်သူ
မျှော်ဆဲအလွမ်း
ချစ်အနမ်းကား
ဒဏ္ဍာရီမ၀င်
ရာဇ၀င်မတွင်လဲ
လူမမြင်ကွယ်ရာမှာ
ငါဟာနင့်အတွက်
သူရဲကောင်းတစ်ယောက်ပါ။
No comments:
Post a Comment