သေချာပြုလုပ်
ယမင်းရုပ်ကို
အဟုတ်ရှု့မဝ
အလှကြည့်ချင်
ဇောဘ၀င်နဲ့
ပြင်ဆင်မန်းမှုတ်
ဂါထာစုပ်၍
ရုပ်ကိုသက်သွင်း
ဖော်ထွင်းပြုစု
ပန်းပုဆရာ
မှားမဟာကြောင့်
ဗျာပါများရသလို။
ခုတော့ကိုယ့်မှာ
ဝေဒနာမင်း
ရင်မှာသွင်း၍
ပြင်းထန်ခံစား
ဒုက္ခများနေရပြီခင်။
ဘာဖြစ်လို့များ
စိမ်းကားပြေးထွက်
အဝေးကမ္ဘာ
ရက်စက်စွာနဲ့
သွေခွါနေရတာလဲခင်။
သံယောဇဉ်ကြိုး
တိုးပွါးခိုင်မြဲ
မပြောင်းလဲပဲ
အသဲတွင်းမှာ
ချစ်ခြင်းမေတ္တာ
ကြင်ကာယုယ
ချစ်ခင်ပြသူ
ဤဇမ္ဗူမှာ
မောင့်လိုလူများ
ရှိသလားလို့မေးလိုက်ချင်တယ်ခင်။
သတ္တိမာန
ပြည့်ဝစွမ်းအင်
ရေဘုရင်လည်း
မီးမြင်သမျှ
ငြိမ်းမရပဲ
ခယ၀ပ်တွား
ရှုံးပေးငြားရသလို။
အတိတ်ဒဏ်ချက်
တည်ထားသက်သေ
ပူရှက်လွှမ်းဖုံး
ချစ်မျက်လုံးလည်း
မီးရှုံးလောက်တယ်ခင်။
မျက်ရည်ထုပ်ကို
ၾကိဳးတုပ္သြယ္လ်
ပြုံးနဲ့သရင်
ခင်လေယူထား
လက်ခံငြားစေဦးတော့။
ခင်ရဲ့နှလုံးသား
မေတ္တာထားရာ
ရင်တွင်းမှာတော့
ကြင်နာဧကရာဇ်
မောင်ပဲဖြစ်ချင်တယ်ခင်။
တပြည်တစ်ရွာ
ဖယ်ခွါလှမ်းဝေး
မရေရာလွမ်းဆွေး
ဝေဒနာပန်းမွှေး
သွေးချာလည်ပတ်လျက်
သက်ထားခင့်ကို
ရင်နင့်စွာနဲ့
ခိုင်မြဲကာချစ်ကြိုး
သံယောဇဉ်အမြဲပျိုးလျက်ပါခင်။ ။
(တွံတေးသိန်းတန် သီချင်းကိုပုံဖော်ထားသည်)
No comments:
Post a Comment