နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Monday, September 20, 2010

အသင်္ခတလမ်း

သံသရာ | 3:13 AM | Best Blogger Tips

လမ်းသဘင်ပွဲ၊
တက်ရောက်နွှဲဖို့  
မလွဲဦးစွာ၊ပြုရာကိစ္စ  
ရေချိုးရ၏။  
ထိုမှတဖန်၊
ဟန်ပန်ကာယ  
အမြင်လှဖို့၊
ကျန၀တ်စုံ  
ရွေးရတုံ၏။ 
 ပြီးလျင်တမှောက်၊
ဆံတောက်ကေသာ  
သေချာပြင်ဆင်၊
ဆံထုံးတင်၏။ 
 တဖန်ဆံထိုး
၊ခေါင်းမှာပျိုး၍  
မရိုးအလှ၊ပြုပြင်ကြ၏။  
ယင်းသို့ကိစ္စ၊
ဦးစွာကျန ပြုလုပ်ပြီးမှ
၊ဆန္ဒလိုရာ ပွဲလမ်းရွာသို့၊
သူငါအများ တက်ရောက်သွား၏။ 
 ယင်းသို့ပမာ၊
တူစွာသာလျင်  
လိုရာတရား
၊ဖွေရှာငြားက 
 ဦးစွာသီလ
၊စင်ကြယ်ရ၏။ 
 တဖန်ဝိပဿ်
၊သေသပ်ကျန ပြည့်စုံရ၏။ 
 ပြီးလျင်တသွယ်၊
ရဖွယ်သမာဓိ 
 စိတ်တွင်ထိမိ၊
ပညာရှိရှင့်။ 
 ယင်းမှဥာင်္ဏစဥင်္၊
ဆင်ခြင်ဖွံ့ဖြိုး တိုးတက်ဆင့်ဆင့်၊
ဥာင်္ဏစဉ်မြင့်က  
သင်၏ဘ၀၊
မုချသံသရာ  
ဝေးရာပွဲလမ်း၊
နိဗ္ဗာန်နန်းသို့  
လှမ်းမြန်းဝင်ရောက်  
ခရီးပေါက်မည်မလွဲတည်း။

No comments:

Post a Comment

Related Posts with Thumbnails