နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Sunday, September 19, 2010

(၀ဋ်မီး)ချစ်လှအောင်ရဲ့ခံစားချက်

သံသရာ | 4:44 AM | Best Blogger Tips
လွမ်းရတယ်ချစ်သူ
ချစ်ခြင်းမည်သည်
ရေကြည်စမ်းသွင်
ဂုဏ်မဆင်တော့
ပုံပြင်မျှသာ
ကျန်တော့သည်။
နွမ်းတမြမြ
လွမ်းရရက်ရှည်
ချစ်သက်ငယ်ကို
ငေးကာမျှော်ရ
ငါ့ဘ၀ကား
ပြောပြရန်ပင်ခက်တော့သည်။
ရေကြည်တစ်ပေါက်
မရှိလောက်အောင်
ခန်းခြောက်သဲပြင်
ငါ့ရင်ခွင်တွင်
ဘယ်ခါပူမီးငြိမ်းမလဲ။
တောက်လေင်ပူမီး
မသေငြိမ်းလည်း
လွမ်းမောသံသရာ
ဆွေးကမ္ဘာဝယ်
ချာချာလည်၍
ပြုံးမပျက်ပဲ
ဝဋ်ရှိသမျှခံပါ့မယ်။

No comments:

Post a Comment

Related Posts with Thumbnails