နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Wednesday, September 15, 2010

Anonymous | 6:49 AM | Best Blogger Tips
အဖော်မွန်

သည်းခံခြင်းမှာ ဒေါသမရှိအေးမြ၏
သည်းခံခြင်းမှာ မာနမရှိတည်ငြိမ်၏
သည်းခံခြင်းမှာ အာဃာတမရှိ ဘေးကင်း၏
သည်းခံခြင်းမှာ မောက်မာမှုမရှိ ကျိုးနွံ၏
သည်းခံခြင်းမှာ အတ္တမဆောင်
မထောင်မလွား မကြွားမ၀ါ
ငါဟိတ်မကဲ ငါစွဲမသန်
သည်းခံခွင့်လွတ် နုညွတ်နှလုံးသား
သဘောထားကြီး တရားလည်းရှိ
သတိလည်းယှဉ် အမြင်လည်းရှင်း
မုန်းခြင်းကိုပယ် မေတ္တာကြွယ်မြဲ
လမ်းဖြောင့်တွဲခေါ် ဖော်မွန်ကျော်။
(ဖော်ပြခွင့်ပေးသူမိတ်ဆွေ ရတနာမောင်အား
ကျေးဇူးတင်ရှိပါသည်)

No comments:

Post a Comment

Related Posts with Thumbnails