ကိုယ်၌ရောက်လာ၊ရောဂါရဲ့သဘော
အဟောဝတဆိုတဲ့၊ကောင်းကျိုးကဗလာ ။
တော၌ပေါ်ထွက်၊နွယ်မြက်သစ်ပင်
စွမ်းအင်ထုတ်ပေး၊ဆေးပင်ရဲ့သဘော
အဟောဝတဆိုတဲ့၊ကောင်းကျိုးကမဟာ ။
ထိုဥပမာစကား၊ဘေးမထားပဲ
တင်စားပြသ၊သဘောအရကတော့။
ငါတို့ပေါင်းသင်း၊ရောင်းရင်တို့သဘော
ရိုင်းပင်းကူမှု၊ကျိုးမပြုလျင်၊
ရန်သူပင်ပဲ။
ငါတို့ရန်သူ၊ဖြစ်သော်မူလည်း
ရိုင်းပင်းကူမှု၊ကောင်းကျိုးပြုက
မိတ်ပီသ၏။ ။
(မိမိတို့ဆက်ဆံပေါင်းသင်းနေကြတဲ့မိတ်ဆွေအပေါင်းတို့ဟာ မိမိအကျိုးစီပွါးအတွက်တတ်စွမ်းသလောက်
ရိုင်းပင်းကူမှုမရှိရင် ကိုယ်မှာဖြစ်သောရောဂါလို ရန်သူဖြစ်တယ်၊ မိမိတို့အကျိုးစီပွါးကိုတတ်စွမ်းသလောက်
ကူင်္ညီပေးသူဟာ ရန်သူဖြစ်သော်လည်း တော၌ဖြစ်သောဆေးပင်လို မိတ်ဆွေဖြစ်ပါတယ်)
No comments:
Post a Comment