ကိုးကွယ်ဗုဒ္ဓ
ကိုယ်ကျင့်ကဝေး
လောဘခေါင်ခိုက်
ထောင်လိုက်မာန
ဒေါသပေါက်ကွဲ
လွန်ဆွဲပါဝါ
အော်ကာငေါက်ငန်း
စိတ်ရမ်းကိုယ်ကြမ်း
ပွဲလမ်းခင်းသူးများကြပြီ။
ဘာသာရဲ့အသိ
ကိုယ်ထိမရောက်
လမ်းလွဲပျောက်သမို့
ဖော်ပြန်ခြင်းသဘော
တောထနေကြပြီ။
ဒီသဘောဓမ္မ
ထိမ်းသိမ်းမှလျင်
ဘ၀နောင်ရေး
သောကဝေး၍
ချမ်းအေးသုခ
မုချရကာ
သံသရာမှောက်ကိန်း
ဝေးလိမ့်မည်။ ။
(မိမိတို့ကိုးကွယ်တဲ့ဘာသာကပေးတဲ့အသိကို ကိုယ်ထဲမှာအရှိဖြစ်လာအောင်လက်ခံမထားရင် ၊မိမိအသိဥာဏ်
ကလူတွေကိုလူလိုမမြင်ရင် မောက်မာမယ်၊အော်ငေါက်မယ်၊အမိန့်ပေးမယ်၊ဆရာကြီးလုပ်မယ်၊နေရာတိုင်းမှာစိုးမိုး
ချင်တယ်၊သူများကမိမိကိုအဲဒီလိုဆက်ဆံရင်ကြိုက်မလား၊မိမိကဆက်ဆံတဲ့အခါကျရင်မိမိကတော့အားရတယ်
သူများကဘယ်လိုနေမလဲ စာနာစိတ်နဲ့ကြည့်ပေါ့။စာနာစိတ်မရှိလို့လဲဒီလိုဖြစ်လာတာကို၊အဲဒီလိုစာနာစိတ်တွေ
ပျောက်ပြီး ဆက်လက်၍လူးတိုင်းကိုယ့်ကျင့်ပျက်လာရင် သံသရာမှောက်သွားမှာပါ၊သံသရာမမှောက်ချင်ရင်
လူတိုင်းအသိတရားနဲ့နေရာတိုင်းမှာဆက်ဆံမှုအားလုံးယဉ်ကျေးနေဖို့လိုပါတယ်၊ဒါကြောင့်မိမိကိုယ်ကျင့်နဲ့
အသိတရားဖြင့် နေရာတကာလူတွင်ကျယ်လုပ်မှုကိုထိမ်းသိမ်းနိုင်ကြဖို့လိုပါတယ်ဗျာ၊)
No comments:
Post a Comment