လူ့ဘ၀နယ်အတွင်း
ပြောဆိုခြင်းမကျွမ်းကျင်ရင်
စိတ်ရင်းပင်ကောင်းသော်လည်း
ပေါင်းသင်းသူနည်းပါးစမြဲပါ။
နိုင်ငံနဲ့လူမျိုး
ကျိုးနွံ့စွာပြောဆိုမှုဟာ
ဘာသာတရားရဲ့ဆုပ်ကိုခြင်း
သက်ဆင်းဝင်ရောက်လျက်ပါ။
ပြောဆိုမှုစကား
ရင်ခါးနေရင်တော့
မြင့်မားသောဘ၀တစ်ခု
စွင့်ကားစွာရပ်တည်နိုင်မှုဟာ
ဝေလာမှာဝေးရော့ပေါ့။
ကိုယ်နှုတ်စိတ်သုံးပါး
ခြမစားတဲ့အသိနဲ့
နှုတ်စကားယဉ်ကျေးစွာ
လုပ်အားကိုဖြည့်တင်း
ပေါင်းသင်းဆက်ဆံခဲ့ရင်
ရောင်းရင်းများစွာရဲ့အင်းအား
တိုးပွါးကာသင့်ဘဝ
မုချအလှတန်ဖိုး
စွင့်ကားတိုးပွါးမှာဧကန်ပဲပေါ့။။
ဒီကဗျာလေးကိုဖတ်ပြီး "နှုတ်ချိုလျှိုတစ်ပါး "
ReplyDelete"ဘယ်စကားဖြင်.မပြောအပ်ဘူးလို. သိနေတာဟာ သံတမန်အတတ်ပညာပဲ"
ဗုဒ္ဓ၏ ဂုဏ်တော်ထဲမှ သုဂတော ဂုဏ်တော်တို.ကို ပြန်ပြီးအောက်မေ.ဆင်ခြင်မိပါတယ်။ အရမ်းကောင်းတဲ. ပညာပေး ကဗျာတစ်ပုဒ်ပါ။