ဥစ္စဓန
ခ၀ါကျက
လောကအလယ်
မျက်နှာငယ်၏။
ဥစ္စနိမ့်ပါး
ထိုသူများကို
ဆွေသားညီးနောင်
ဝေးကရှောင်၏။
အပေါင်းဆွေမိတ်
မီးခိုးတိတ်၍
အရိပ်မမြင်
ဝေးကနှင်၏။
ဥစ္စာရှိက
မှီခိုခစား
ဗိုလ်လူများတို့
အပါးနီးကပ်
တလျပ်လျပ်ပေါ့။
ဓနပြဋ္ဌာန်း
လူ့ကြငှန်းမှာ
ငွေလမ်းခင်းက
စမ်းပွင့်ကြ၏။
ငွေလမ်းမကူ
ကြငှန်းငူမှာ
ရွယ်မူနုဖြိုး
စမ်းမတိုးဘူး။
ငွေ
ကမ္ဘလူများ
နှလုံးသားကို
အားဆေးပမာ
မျက်နှာအလှ
ပွင့်စေကြ၏။
သို့မို့ကြောင့်ပင်..
ကျုပ်တို့မင်ရာ
ဤလူ့ရွာမှာ
ဥစ္စာဓန
ဝင့်ကာကလျက်
ကမ္ဘာ့လွှမ်းမိုး
အုပ်ကာစိုး၏။
No comments:
Post a Comment