နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Wednesday, September 15, 2010

(အချစ်ကိုဆန်းစစ်ခြင်း)

သံသရာ | 12:12 AM | Best Blogger Tips
မြင်မြင်ချင်းပဲ၊သုမိတ္တာအသဲထဲ
တကယ်စွဲသွားမို့၊ခိုင်မြဲတဲ့ပါရမီဆု
ပန်သမျှပြုခဲ့တယ်။
ရှင်ရသေ့သုမေဓာ၊သုမိတ္တာရဲပန်ဆု
ဂရုပြုလက်ခံ၊မေတ္တာမှန်သွေမပျက်ပဲ
ဘ၀အဆက်ဆက်၊လက်ချင်းဆက်ကာ
ပါရမီဖြည့်ခဲ့ကြတယ်။
ပါရမီအစုစု၊ရင့်ကျင့်မှုသို့ဝင်ရောက်
နောက်ဆုံးဘ၀မှာ၊၀ဋ်ဒုက္ခကင်းရာ
အမတာပြည်နန်း၊နိဗ္ဗာန်မြန်းလို့
သံသရာခရီလမ်း၊အပြီးသတ်ပြတ်ခဲကြတယ်။
ဒီသဘောတရား၊အလေးထားနှလုံးသွင်းလျှင်
ချစ်ခြင်းဆိုတာ၊မာယာကင်းဝေး
အကြင်နာတွေထွေးအံ့၊
မေတ္တာရောင်ပြန်နဲ့ဖေးမ
စောင့်ရှောက်ကြရင်
ဘ၀ခရီး..ရှုမငြိမ်းဖြစ်ပေမပေါ့။
အချစ်ရဲ့အရှိန်အဟုန်
မှေးမှိန်အောင်လို့
မနုဿလူ့ဘောင်မှာ
ပွေလိမ်ကာရှုပ်ထွေး
အနွေးဓာတ်ကင်းဝေးစေရေး
ဦးစားပေးမဆောင်ရွက်သင့်ပါ၊
အချစ်ရဲ့အရှိန်အဟုန်
သူ့ရဲ့ဂုဏ်မညှိုးမှိန်အောင်
မောင်မယ်တွေတူစုံတွဲလို့
ခွေယိုင်မလဲတဲ့အကြင်နာ
ပေးဆောင်ကာဂုဏ်ကျေးဇူးနဲ့
အထူးပြုကြရင်း
ဘ၀တစ်စုံတို့ရဲ့သံသရာ
ဝေးကွာရာတစ်ဖက်ကမ်းသို့
ခြေလှမ်းဝင်ရောက်နိုင်တယ်၊
သို့မို့ကြောင့်
အချစ်နဲ့မကင်းသူတိုင်း
ဘ၀ဂယက်လှိုင်းတွင်းမှာ
နှလုံးသွင်းထားရမှာက
အချစ်ရဲ့ရသ၊အနုအလှတွေနဲ့ပုံဖော်
အကြင်နာနော်မကင်းပဲ၊လက်ချင်းတွဲချိတ်
အမုန်းကိုတိတ်ဆိတ်စေလျက်၊
ရာသက်ပန်ဘ၀ခရီး၊တူစုံစီးကာ
ပျော်ပိုက်စွာလျောက်လိုက်ကြစို့။။

No comments:

Post a Comment

Related Posts with Thumbnails