နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Sunday, September 19, 2010

(ချစ်နွံရဲ့နောက်)ချစ်လှအောင်ရဲ့ခံစားချက်

သံသရာ | 4:55 AM | Best Blogger Tips
ချစ်သူချစ်သရုပ်ကို
စစ်ထုတ်ကာမခင်းချင်
ခပ်ကုပ်ကုပ်လှည့်ပြန်ရင်လည်း
အထွဋ်လုပ်ကာ
ငါ့ကိုယောင်္ကျားမဟုတ်ဘူးလို့
ပြောအုံ့မယ်။
တိုးပြန်ရင်လည်း
နှလုံးသားတိုက်ပွဲ
ချစ်နွံထဲမှာ
ငါဟာလူကြမ်း
ခက်ထန်ထန်နဲ့
ဒဿဘီလူး
အချစ်ရူးဟုပြောအုံ့မယ်
ရှုပ်ထွေးလှတဲ့
ဘ၀နွံတောကြီးထဲမှာ
ကဲ့ရဲ့ခြင်း၊ချုံ့ချခြင်း
မုန်းတီးခြင်း၊စိမ်းကားခြင်း
နာကြည်းခြင်း၊လွမ်းဆွေးခြင်းတွေနဲ့
ချစ်ရတာဟာ.မ.သာယာပါလား။

No comments:

Post a Comment

Related Posts with Thumbnails