နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Wednesday, September 15, 2010

(အကျိုးသို့)

သံသရာ | 12:33 AM | Best Blogger Tips
ဗေဒင်ဆရာ၊ကညာသ္မီး
ရည်းစားနောက်လိုက်၊အထုပ်ပိုက်က
ရဲတို့စခန်း၊လှမ်းတိုင်းတမ်း၏။
နတ်ရုပ်နဲ့ပျော်၊နတ်ကတော်လည်း
ပူဇော်နတ်ရုပ်၊ပျောက်ငုပ်ခန္ဓာ
ရှိလာပါက၊ဆရာဗေဒင်
မေးရန်နှင်၏။
နတ်စိမ်းများဟူ၊သူတို့မူလည်း
လူတို့နတ်စာ၊မကျွေးပါက
အစာရှာဖွေ၊စားသောက်ပေ၏။
လူနာနတ္ထိ၊ဖြစ်သော်ရှိက
မ-မောင်-ဒေါက်တာ၊သူတို့မှာလည်း
ဥစ္စာဓန၊ပြိုလဲကျ၏။
တရားတွေ့သူ၊မရှိမူက
လူ့ဂွရှေ့နေ၊များတစ်ထွေလည်း
ငွေပင်ငွေရင်း၊အားမတင်းဘူး။
အများပူဇော်၊သံဃာမော်တို့
လူနော်စီးပွါး၊မဖြစ်ငြားက
လာဘမရွှင်၊ဒုက္ခပင်ပဲ။
မနုဿဘုံ၊ကကြိုးစုံရာ
ဤလူ့ရွာမှာ၊သွားကာလှုပ်ရှား
ဗိုလ်ပါများလည်း၊တရားလောကဓံ
ခံနိုင်ရည်စွမ်း၊လွှမ်းပတ်အင်အား
ပြည့်စုံငြားဖို့၊တရားနှလုံး
သွင်းထားထုံးတို့ရှိရမယ်။
တစ်ဦးဒုက္ခ၊တစ်ဦးဖေးမ
ရုန်းကန်ကြရ၊ဒီလောကမှာ
သံသရာလည်းနှုန်း၊မဆုံးသမျှ
မာနသိဒ္ဓိ၊ကမ္ပည်းမညှိနဲ့။
သင့်ရဲ့မာန၊သင့်ဘ၀ကို
မုချအမြင့်၊မတင်မြှင့်ပဲ
မတင့်အနိမ့်၊ရောက်စေလိမ့်က
ဟာသတစ်ပုဒ်၊ရေးထုတ်လိုက်သို့
လူတို့နှုတ်ဖျား၊ဟားဖွယ်စရာ
ဖြစ်နေရှာမည်။
သင့်ရဲ့မာန၊သင့်ဘ၀ကို
မုချအမြင့်၊မြှင့်တင်ပေးအောင်
ဖွေဆောင်မာန၊အသုံးချက
အလှဇာတ်ခန်း၊အလန်းရွှေရုပ်
ကယ်ဒမီကုတ်ကို၊ထုတ်လုပ်ဖန်တီး
ပေးနိုင်ပြီးသို့၊သင်စီးထွက်လာ
မာနမှာလည်း၊ရသာပီတိ
အလှရှိမှာ၊မလွဲပါတည်း။ ။

No comments:

Post a Comment

Related Posts with Thumbnails