နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Wednesday, September 15, 2010

Anonymous | 7:00 AM | Best Blogger Tips
မွေးနေ့ဆုတောင်း

ရွှေရောင်လူး၍ ပွင့်ဖူးလာသောပန်း
နှင်းငွေခြုံ၍ ပွင့်ငုံလာသောပန်း
ကောင်းခြင်းဆောင်၍ ပွင့်ဝေဆာသောပန်း

မင်းပွင့်ဖူးရာ ဒီနေ့မှာ
မွှေးပျံ့ဝေဆာရှိလှစေ

မင်းပွင့်ဖူးရာဒီနေ့မှာ
သောက ဘယာဝေးကနေ

မင်းပွင့်ဖူးရာ ဒီပင်ဟာ
ခက်မဝေဖြာ အားရှိစေ

ခြောက်သွေ့သော်ငြား မိုးအားဆေးရည်
မိုးရွာသော်လည်း နေငွေ့လှုံစေ
နေပူသော်လည်း နှင်းမှုံကြဲစေ
လောကဓံကြုံတိုင်း ဘေးရန်ဆိုင်းပါစေ

နှင်းမိုးရေသောက်
နေခြည်အောက်က
ခက်မဝေဖြာ
ဒီပင်မှာ
လရောင်ဖြာ၍
အေးပါစေ။
(ဖော်ပြခွင့်ပေးသူ ရတနာမောင် မိသားစုဖိုရမ်)

No comments:

Post a Comment

Related Posts with Thumbnails