လေပေါ်ပျံဝဲတဲ့
တောင်ပံခတ်ငှက်တွေ
ဆင်းသက်ကာ
အစာရှာကြတော့
သာရာသစ်ပင်ကို
ခုံမင်စွာပြောင်းကြသလို
မင်းလည်း....
ကိုယ့်ရဲ့မေတ္ကာကို
အပြစ်ရမယ်ရှာပြီး
သစ္စာမဲ့စွာ
အချစ်သစ်ရှာခဲ့တယ်။
အစိမ်းသန္ဓေကို
သွေဖည်ခြင်းအမုန်းနဲ့
ထုံးဖွဲ့ပေါင်းစပ်
ကိုယ့်နှလုံးသားရပ်ဝန်းက
ပြန်လမ်းမဲ့နေရာကို
အပြစ်ရှာထွက်သွားချိန်က
မျက်လုံးလှဖို့
ကိုယ်ငိုခဲ့ရတယ်။
မဟော်သဓာကို
နာကျည်းစွာ
အမာရွက်စမ်းမိတိုင်း
သတိရမိတဲ့ကေ၀ဋ်ပမာ။
လောကသဘာဝ
ချိုမြတဲ့အချစ်ကို
မျိုချခြင်းဝေးစွာ
မာယာအပေါင်းနဲ့
ဟန်ကောင်းစွာချစ်ခဲ့တဲ့မင်းကို......
သံသရာနောင်တကွေ့မှာ
ဖန်ကမ္ဘာအချစ်တွေ့စေဖို့
ဝေဒနာအချစ်မီးကို
ရှု့မငြီးစွာခံစားရင်း
နေသားကျတဲ့ပါရမီအဖြစ်
မဟာပထ၀ီမြေကိုတိုင်တည်
သွေမဖည်တဲ့ချစ်စိတ်နဲ့
သိပ်သည်းမှုမေတ္တာကို
ဖွင့်ဟကာပွါးများ
ကုစားမရနိုင်တဲ့အလွမ်း
သက်တမ်းကုန်ဆုံးသည်ထိ
သတိရနေမှာပါ......။
No comments:
Post a Comment