ငါ့ရဲ့ ညတွေကို
ကျူးကျော်ဝင်ရောက် နှောက်ယှက်တတ်တဲ့ ကောင်လေးရယ်
မင်းကို ကိုယ်သိပ်ချစ်ခဲ့ပါတယ်
ချစ်မိခဲ့တဲ့ငါ မင်းရင်ခွင်မှာ
အေးချမ်းစွာ ခိုလှုံခွင့်မရခဲ့ဘူး
နူးညံ့စွာ ဆိုးနွဲ့ခွင့်မရခဲ့ဘူး
ကြင်နာစွာ စိက်ကောက်ခွင့်မရခဲ့ဘူး
ပန်းလေးရဲ့ ကာရံတွေမင်းမပေးခဲ့ဘူး
ခုဆိုရင်
ဝေးကွာနေတဲ့ မင်းနဲ့ ငါ့ကြား
ရင်ခုန်သံတွေ အေးစက်မသွားအောင်
ပြန်ပြန်နွှေးနေရတယ် ချစ်သူ
ဒီလိုခံစားချက်မျိုးတွေနဲ့
နွေးထွေးမှုမပါတဲ့ မင်းအကြည့်တွေ
နူးညံ့မှုမပါတဲ့ မင်းအကြင်နာတွေ
ခံစားချက်မရှိတဲ့ မင်းချစ်စကားတွေကို
ငါမလိုချင်တော့ဘူးကောင်လေးရယ်---------
(ဖော်ပြခွင့်ပေးသူ နှင်း မိသားစုဖိုရမ်)
No comments:
Post a Comment