တစ်ယောက်တည်းရယ်
ပဲ့ပဲ့ဆင်းနေတဲ့အလွမ်းအိမ်ြ ကီးထဲမှာ
ကုစားနေရတာကလည်း
ဝေဒနာတစ်မျိုး
ရက်စွဲမရှိတဲ့ဆုတ်ဖြဲသွားတဲ့ 
ပြက္ခဒိန်တွေမှာအလွမ်းတွေကို
အန်ထုတ်ခဲ့ရပေါင်းများကြောင့်
မြေမှာခတဲ့ရွက်ခြောက်တွေလို့
လေနှင်ရာမှာလူးလိမ့်လို
အလွမ်းတွေနဲ့ရူးသွပ်ရလို့
ဘဝတစ်ခုလုံးလည်း
လမိုက်ညတွေဖြစ်ချင်တိုင်း
ဖြစ်နေလည်ရဲ့
အခုတော့ချစ်သူရယ်အသည်းကွဲ
အလွမ်းအဘိန်ဓာန်တွေကို
အထပ်ထပ်အခါခါ
ကျေညက်အောင်ကြည့်ထားပေမဲ့
နွမ်းလျှအားအင်တွေကြောင့်
အချစ်ကျောင်းတော်ကြီးကို
နောက်တစ်ခါပြန်မလာတော့ဘူး
https://www.facebook.com/spiderzaw.zaw ချစ်လှအောင်ရဲ့ fb စာမျက်နှာ
No comments:
Post a Comment