နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Monday, October 31, 2011

(မမေ့ကောင်းတဲ့အာဇာနည်)

မောင်သံသရာ | 2:04 AM | Best Blogger Tips



အနိစ္စဒုက္ခအနတ္တလို့
မြတ်ဗုဒ္ဓဒေသနာ
ဟောကြားကာထားပါသော်လည်း။

အာဇာနည်တို့ရဲ့
အနိစ္စခရီးဟာ
သောကထုကိုခပ်ကြီးကြီးဖြစ်ပေါ်စေတယ်။
ရွက်ကြွေတောက
ရွက်ဝါတွေရဲ့ကြွေကျမှုဟာ
နှမြောစရာမကောင်းသော်လည်း။

အာဇာနည်တို့ရဲ့
အကြွေစောမှုဟာ
ရင်ထုမနာခြင်းကိုထုထည်ကြီးမားစေတယ်။

သမုဒ္ဒရာထဲကလှိုင်းလုံးတွေဟာ
အညစ်အကြေးတွေကိုရိုက်ထုတ်လို့
ရေကိုသန့်ရှင်းစေပေမယ့်…

အာဇာနည်တို့ရဲ့ဇီဝကို
မရဏမင်းဆီပို့လိုက်ခြင်းဟာ
ပြည်မြန်မာဒို့တစ်ထွေကို
အမှောင်ထဲရောက်သွားစေတယ်။

အာဏာမာန် လေလံဆွဲထားတဲ့
မသမာဝိသမလောဘသားတစ်ချို့ရဲ့
တယူသန်မူမမှန် လူမဆန်တဲ့လုပ်ရပ်ကြောင့်
အာဇာနည် ဘာမထီယောင်္ကျားသားတို့
ပြည်မြန်မာ ကမ္ဗလာဇမ္ဗူနယ်က
ဟိုတစ်နေရာ တာဝတိံသာသို့
ခြေပဒါလှမ်းခုန်ကူးလိုက်ကြတာ
၆၄နှစ်တောင်ပြည့်ရော့ပေါ့။

 (အာဇာနည်ပုဂ္ဂိုလ်ကြီးများကိုအမှတ်တရဂုဏ်ပြုပူဇော်သည်/19/7/2011)
Related Posts with Thumbnails