`ထိပေအ်သျှင် ရှေးမူပြင်၍
အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင်
မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည်
များပြည်သူ သိလေ၏
ထိပေအ်သျှင် အမည်ရှင်ကား
ရှေးသွင်နာမ ဗန္ဓုလနှင့်
သုပဏ္ဏက ဂဠုနဟု
ရာဇဘွဲ့ခံ ဆရာစံအား
ဖွါးရာဇာတိ ဖြစ်လေ၏ ။
ထိပေအ်သျှင် ရာဇ၀င်ဝယ်
စာတင်မှတ်တမ်း စစ်မှုထမ်း၍
အစွမ်းလက်ပြ ဗန္ဓုလဟု
တွေ့ရသောမြို့ ဖြစ်လေ၏
ထိပေအ်သျှင် ရာဇ၀င်ဝယ်
သခင်နယ်ခြား လက်စေပါးမှ
လယ်သမားအားလုံး လွတ်ထွက်ရုံးကာ
အားသုံးတော်လှန် ဆရာစံဟု
စာသံတွေ့မြို့ ဖြစ်လေ၏
ထိပေအ်သျှင် သမိုင်းတွင်၍
အရှင်သတ္တိ စွမ်းစရှိသော
အသိပညာ ဥာဏ်ပညာတို့
ပေါ်လာထွန်းကား စံတင်ထားတဲ့
မြို့ များထဲမှ တမြို့တည်း ။
ကေတု မျိုးမျိုးဇော် (ရေဦး) ရေးသားတင်ပြခဲ့သည့် ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်...
အရမ်းနှစ်သက်လို့ ပြန်လည် ရှာဖွေပြီး တင်ပြလိုက်ပါတယ်...
ပြန်လည်တင်ပြသူ
အောင်အောင် (မကစ)
လေးစားစွာဖြင့်.. လယ်တီမြေသား။..............။လာလည်နိုင်ပါတယ်...
www.ninilayy.com
www.aungsanmks.blogspot.com
www.ledimyethar.com