နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Wednesday, February 6, 2013

ကာရံမဲ့ခေါင်းစဉ်

မောင်သံသရာ | 9:50 AM | Best Blogger Tips
(ကာရံမဲ့ခေါင်းစဉ်)

အချစ်ရဲ့နယ်စခန်း

တက္ကသိုလ်နန်းမှာ

အချစ်ပန်းတွေ

စ ဖူးပွင့်ခဲ့ကြတယ်။

အန္တရာယ်ဓားသွား

တားဆီးမှုတွေကြားမှာ

အချစ်ဆော့ဖ်ဝဲတွေ

ခေတ္တ ဟန်း နေခဲ့ပေါ့။

ဗိုင်းရပ်စ်အသွယ်သွယ်ရဲ့

နှောက်ယှက်မှုအမယ်မယ်ကို

အံတုပြီး အားသစ်တွေ

စွင့်ကားလာတာက

ချစ်သူကိုမေ့မရခြင်းရယ်ပါ။

နှစ်တွေချီ အဝေးဆီရောက်နေပေမယ့်

ချစ်သူရဲ့ပုံရိပ်က

မီးမြှိုက်မလောင်းကျွမ်းနိုင်ပါလား

အချစ်စိတ်ရဲ့ဒီဂရီတွေပေါ့။

အရမ်းလွမ်းတယ်ချစ်သူ

ဝေဒနာအဆိပ်တို့

ရင်ထဲမျိုသိပ်ထားရတာကို

ဖောက်ခွဲပစ်လိုက်ချင်ပါတယ်။

ဒါပေမယ့် ချစ်သူ

ဆင်ခြင်တုံတရားနဲ့

ဗလောင်ပွက်မီးတွေကို

မနိုင်မနင်းငြိမ်းနေမိတယ်။

ကံကြမ္မာရဲ့ မလှပတဲ့

ခါးသီးမှုတွေကို

စားလည်းရူး ဆုပ်လည်းစူးဘဝနဲ့

ဒို့တထွေခံစားနေရတယ်နော်။

ကယ် မ သူ ဘိုးဘိုး

ငုတ်လျှိုးကွယ်ပျောက်နေမှုဟာ

ဒို့တွေရဲ့အချစ်ကို

စမ်းသပ်ကျီစယ်နေတာများလား ဟင်။

ရှိစေတော့ချစ်သူ

ဝေးချင်သလောက်ဝေးနေပါစေ

ငါ့ရဲ့ချစ်စိတ်ကို ကျောက်စာတိုင်လို

မယိုင်မနဲ့ခိုင်မြဲတဲ့အက္ခရာအဖြစ်

မင်းအတွက်

သီးသန့် စစ် ထုတ်ထားလိုက်ပါ့မယ်-----//

မှတ်ချက်။   ။ နိုဝင်ဘာရဲ့ခံစားမှုကို ရေးသား ထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

Related Posts with Thumbnails