နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, June 25, 2010

(ခံစားချက်)

သံသရာ | 5:08 AM | Best Blogger Tips
ညညအိပ်ရေးပျက်
ဟိုဘက်ကိုလှည့်စွေ့ခနဲ့
ဒီဘက်ကိုလှည့်စွေ့ခနဲ့
အမလေးသေပါပြီ။
တော်သေးတာပေါ့
ကြမ်းပိုးတွေဖြစ်နေလို့။
မှေးခနဲအိပ်ပျော်
ငါ့ခေါင်းကိုဆော်မယ်တကဲကဲ
ရင်မအေးတဲ့အသံတွေ
ဒီတစ်ခါတော့သေပါပြီအမေရယ်။
ယောင်ယမ်းပြီးထအော်
တကယ်ဆိုအဲဒါတွေဟာ
ခြင်တွေပါအမေရယ်(အဟီး)။
ညဥင့်္နက်လို့အိပ်မပျော်
သန်းခေါင်ကျော်မိုးအလင်း
ဆောင်တော်ပျော် မောင်ငပျင်း ကျွန်တော့မှာဖြင့်
ယောင်တောင်တောင်မိုးတွေလင်းလို့
အခုထိကျောင်းတော်က
မထွက်နိုင်သေးပါဘူးအမေရယ်။ ။

(သူငယ်ချင်းသို့)

သံသရာ | 4:46 AM | Best Blogger Tips


သူငယ်ချင်း

မိဘနဲ့သား သမီး

စည်းခြားထားသလို

ကြားခံသဘော

မာနဆိုးတွေ

တောထနေသင့်သလား။

ဆရာနဲ့တပည့်

အသိတရား

ဘေးဖယ်ထားပြီး

ကြားခံသဘော

မာနဆိုးတွေ

လှိုင်းထနေသင့်သလား။

မိမိနဲ့ဆွေမျိုး

သဘောရိုးပယ်ထုတ်

မာနကိုဆုပ်ပြီး

စိတ်ကြီးဝင်ကာ

ကိုယ်ထင်ပြသင့်သလား။

သင့်ဘ၀တိုးတက်လာဖို့

မာနကိုအားပြု

ကြိုးစားမှုအရှိန်

တကယ်မမှိန်အောင်

ပုံဖော်ကာဆောင်သင့်သလား

စဉ်းစားပါသူငယ်ချင်း။

သူငယ်ချင်း

ထားသင့်သောမာန

မထားသင့်သောမာန

မာနနှစ်ခုကို

အထာကျအောင်ရှု့ပြီး

ဘ၀ါဘ၀မှာ

မော်ကာလှချင်ရင်

ဘော်ဒါမာနရဲ့

နေရာဋ္ဌာနကို

ညီမျှစွာတွေး

ပီသစွာရွေးတတ်ဖို့အရေး

ဒီကဗျာလေးနဲ့

သတိပေးလိုက်ပါတယ်

သူငယ်ချင်း။ ။

(အချစ်သိစေ)

သံသရာ | 4:40 AM | Best Blogger Tips
လူ့ဘ၀မှတ်တိုင်ကို
ဆုပ်ကိုင်လို့မွေးလာ
ကံဇာတ်ဆရာက
တည်းဖြတ်ပို့ဆောင်သမို့
အတ္ထထောင်လူတစ်စုရဲ့
ထုထောင်းမှုဒဏ်မှာ
အနှိမ်ခံဘ၀နဲ့
အံကြိတ်နေရတယ်။
လောကဓံလှိုင်း
ဝိုင်းရံပုတ်ခတ်
ကူးခတ်ထုနှက်
သွေးထွက်ဒဏ်ရာ
ပေးဆောင်ပါလည်း
ငါမဖြုံဘူး...ချစ်သူ။
ချစ်သူ
အတ္ထဆန်လူတစ်စု
ရာစုတွင်းစိတ်သွင်း၍
အသင်းအပင်းအဖြစ်
မင်းမလိုက်နဲ့နော်။
သူတို့ရဲ့အထုခံ
သွေမလှန်နိုင်တဲ့
ပေဘ၀မှာ
နေသားကျပေမယ့်။
ချစ်သူရဲ့
ရက်စက်မှုဒဏ်
အမှန်ခံစားနိုင်ဖို့
နှလုံးသားစွမ်းအား
နေသားမကျသေးဘူး
အချစ်...ရယ်၊
(လောကဓံလှိုင်းရဲ့ရိုက်ပုတ်မှုအောက်မှာ ပေ ဘ၀နဲ့နေသားတကျ ကူးခတ်နိုင်ပေမယ့် နှလုံးသားထဲကချစ်ရတဲ့
ချစ်သူရဲ့ရက်စက်မှုဒဏ်ကိုခံနိုင်ဖို့ နှလုံးသားမှာအင်းအားမရှိသေးပါ)

(ဓမ္မတာ)

သံသရာ | 4:36 AM | Best Blogger Tips

တရားသ္မား

မြင်းရာများကို

တရားမျက်လုံး

လွှမ်းဖုံးသုံးသပ်

ယူဆုံးဖြတ်တာ

ဓမ္မတာပဲ။

နိုင်ငံရေးဆရာ

သူမြင်ရာကို

သေချာကြည့်ရှု့

ဝေဖန်မှုက

သူ၏ဥာဏ်စွမ်း

ဖော်ညွှန်းမျှော်တွေး

နိုင်ငံ့ရေးဟာ

ဓမ္မတာပဲ။

စီးပွါးရေးလုပ်သူ

ပုဂ္ဂိုလ်မူကား

သူ၏မြင်ရာ

နေရာဋ္ဌာန

ဟူသမျှကို

မုချစီးပွါး

မျက်လုံးများဖြင့်

လှုပ်ရှားဖော်ထုတ်

အလုပ်လုပ်တာ၊

ဓမ္မတာပဲ။

ချစ်စိတ်ပေါ်ပေါက်

အရွယ်ရောက်လာ

လူတိုင်းမှာကား

ချစ်စရာလူ

တွေ့မြင်မူက

သူလျှင်စိတ်တွင်း

အချစ်သွင်း၍

ချစ်ခြင်းချစ်ရာ

ချစ်ချင်တာကို

ပြစ်ချက်မပါ

ချစ်တဏှာဖြင့်

လွှမ်းကာဆွဲခြုံ

ရင်ခုန်တတ်တာ

ဓမ္မတာပဲ။ ။

(အိပ်မက်)

သံသရာ | 4:33 AM | Best Blogger Tips
ဘ၀မှာလူဖြစ်
အချစ်နဲ့သံယောဇဉ်
ချိန်ခွင်လျှာညီမျှစွာဖြင့်
အာရုံကိုစုပေးထားလိုက်..သူ။
သူကလည်း
ကြင်နာငှက်ကို
ရင်မှာထားသူမို့
ချစ်စကားလေဟုန်စီးကာ
အာရုံကိုစုပေးထားလာ..သူ။
ချစ်သူနှစ်ယောက်
ရှေ့တူရူလျောက်ဖို့
သေချာပေါက်ရှိပေမယ့်
ဗွေစဖောက်တာက..သူ။
ဘာကြောင့်လဲ
သံကွန်ချာခုနစ်ထပ်
အုပ်ကာစွပ်ထားကြသလို
ခြားနေတဲ့ဘ၀နှစ်ခု
ပေါင်းစပ်မှုပြုရင်
ရတက်လေဗွေ
ဝင်မွှေမှာစိုးလို့
နောက်ဆုတ်ကာ
အသဲနာနာနဲ့
လမ်းခွဲလိုက်တာတဲ့။
ချစ်သူစကား
နားမှာကြားရတော့
အသဲကြားကအချစ်အမြစ်
ပိုကျစ်လစ်လာတယ်။
ကျစ်လစ်တဲ့အချစ်ကြောင့်
ဘ၀သစ်ကိုဖန်တီးဖို့
အပြီးပြင်တဲ့အခါ
ဖူးစာမင်ရည်က
ဟိုး..၀..ထား တဲ့။
ခုတော့
ရက်တွေကြာညောင်း
နှစ်တွေပြောင်းလို့မို့
အချစ်ကြောင်းကမှန်ပြင်လို
ပုံရိပ်ထင်နေပေမယ့်
ပီပြင်မှုက၀ိုးတ၀ါး
ဖြစ်သွားပြီလေ။
အချစ်..ရေ
မင်းနဲ့ တို့ဘဝ
အတိတ်ကဇာတ်ကြောင်း
လမ်းကြောင်းပြောင်းသွားပြီမို့
အိပ်မက်ဟောင်းအဖြစ်
ထားလိုက်ပါရစေ...နော်။ ။
(အတိတ်ကအကြောင်းတွေဟာ လက်ရှိဘ၀မှာပုံဆောင်ခဲအဖြစ်ရှိမနေဘူးဆိုရင်အဲဒါဟာအိပ်မက်ပေါ့)

(တမ်းတခြင်း)

သံသရာ | 4:29 AM | Best Blogger Tips

စက်ဝန်းရာသီ

အလီလီရွေ့ပြောင်း

နှစ်ဟောင်းကုန်ပျောက်

နှစ်သစ်ရောက်လည်း

ပေါ်ပေါက်မလာ

ချစ်သက်လျာ...ရယ်။

မင်းရဲ့ချစ်စမ်း

ခမ်းခြောက်ကုန်ဆုံး

ဆိတ်သုဉ်းကာလ

မတွေ့ရတဲ့

အချိန်ကစလို့..။

ခါးသီးတဲ့ဒုက္ခ

ကိုယ့်ဘ၀မှာ

ဗရဗွပွေ့ပိုက်

ငိုရှိုက်နေရပြီ ..။

စိမ်းကားပစ်ခွါ

မုန်းမိုးရွာလည်း

ငါ့ရဲ့ချစ်စိတ်

အညစ်မထင်

ပြစ်မမြင်ဘဲ

အစဉ်လန်းဆန်း

လက်ကမ်းကြိုဆို

တမ်းတမျှော်လျက်ပါ..။

နှလုံးသားရွရွ

အချစ်လှလှနဲ့

ယုယုယယ

ချစ်ပြခဲ့တဲ့

ကိုယ့်.....ကို

စာနာတဲ့စိတ်နဲ့

အိပ်မက်ကမ္ဘာ

ခဏလာကာ

ဝေဒနာမီး

သေချာငြိမ်းဖို့

ငြိမ်းချမ်းရေးတေး

သီဆိုပေးပါ

အချစ်......ရယ်။

Wednesday, June 23, 2010

(မေ)

သံသရာ | 4:01 AM | Best Blogger Tips
လေဆောင်ရာ
အလိုက်သင့်ခိုလိုက်
တိုက်ချင်ရာတိုက်
ဂရုမစိုက်ပဲ
ဝေ့၀ိုက်ကာ
လေဟုတ်စီးတတ်သူက
မိုးတိမ်။
မေ
လေညှင်းပဲလာလာ
လေပြင်းပဲတိုက်တိုက်
မောဟိုက်မနေပဲ
ပျော်ပိုက်စွာရိုက်ခွဲပြီး
ရှောင်လွဲတတ်သူက
ကျောက်ဆောင်။
မေ
ကိုယ်ကတော့
မိုးတိမ်လိုလည်း
ဝေ့၀ိုက်ကာ
လေဟုန်မစီးတတ်ဘူး။
ကျောက်ဆောင်လိုလည်း
ရိုက်ခွဲပြီး
မရှောင်လွဲတ်ဘူး။
ဒါကြောင့်မို့ မေရယ်
ကိုယ့်ဘ၀ကို
အံကြိတ်ခင်းတေးသွားကို
ဒုက္ခသံစဉ်ထုတ်ပြီး
သောကဂစ်တာနဲ့
ငိုကြွေးခြင်းရသအဖြစ်
မတီးခတ်ရအောင်
မင်းရဲ့နှလုံးသားပန်းအိုးမှာ
မေတ္တာပန်းပွင့်ကို
ကရုဏာရေအေး
လောင်းပေးပြီး
အချစ်ဝတ်ရည်
စုပေးပါလား...မေ ။

(ပီတိပြုံး)

သံသရာ | 3:59 AM | Best Blogger Tips
ဟိုတစ်နေ့က
လမ်းမှာတွေ့တယ်
ပြုံးမလိုမျက်နှာထားနဲ့
ယဉ်စစသူ့ဟန်ကို
မြင်ရသူ
မောင်မောင်တို့မှာလ
ပြုံးပျော်လို့မဆုံး။ ။

(စာနာချစ်)

သံသရာ | 3:56 AM | Best Blogger Tips
ျဈပန်းပွင့်မပျက်
ရနံ့မပြယ်
ပင်ကိုပကတိ
ဗိုင်းရပ်ထိအောင်၊
ပျားပိတုန်းများ
ဝတ်ရည်မစားကြသလို၊
ငါ့သံယောဇဉ်ကြိုး
အရိုးထိအောင်
ပြောင်ပြောင်လဲ့လဲ့
ပဲ့မထွက်ပဲ
မင်းအပေါ်ချစ်ပန်း
ပွင့်လန်းခြင်းကြောင့်
မင်းရဲ့ဘဝ
မပျက်ရဘူး၊

Monday, June 7, 2010

ဝင့်

သံသရာ | 7:33 AM | Best Blogger Tips

သင့်ဘ၀သင့်အလှ

တနေ့ကျအိုရမှာ

တနေ့ကျနာရမှာ

တနေ့ကျသေရမှာ

အိုနာသေထိုသုံးပါး

ဘုံသားတိုင်းစံရမှာ

မလွဲပဧကန်ပင်၊

သို့လျင်သင့်ဘဝ

မြေခမကြွေကျခင်။

သင်လျင်မွေးဖွား

နိုင်ငံအားကို

တိုးပွါးစေရေး

ရှုမျှော်တွေး၍

အားကြိုးမာန်ဝင့်

ကြိုးစားသင့်၏။

သင်၏စာပေ

တိုးတက်စေဖို့

သင်လေမာန်ဝင့်

ကြိုးစားသင့်၏၊

ဘာသာအရောင်

ထွန်းပြောင်စေဖို့

သင်လေမာန်ဝင့်

ကြိုးစားသင့်၏။ ။

(မိမိတို့ရရှိတဲ့ဘ၀ မအိုခင် မနာခင် မသေခင် မိမိတို့နိုင်ငံ မိမိတို့စာပေ မိမိတို့ဘာသာတိုးတက်အောင်တတ်နိုင်သလောက်ကြိုးစားကြစေလိုလျက်ပါ)


Related Posts with Thumbnails