လူ့ဘ၀မှတ်တိုင်ကို
ဆုပ်ကိုင်လို့မွေးလာ
ကံဇာတ်ဆရာက
တည်းဖြတ်ပို့ဆောင်သမို့
အတ္ထထောင်လူတစ်စုရဲ့
ထုထောင်းမှုဒဏ်မှာ
အနှိမ်ခံဘ၀နဲ့
အံကြိတ်နေရတယ်။
လောကဓံလှိုင်း
ဝိုင်းရံပုတ်ခတ်
ကူးခတ်ထုနှက်
သွေးထွက်ဒဏ်ရာ
ပေးဆောင်ပါလည်း
ငါမဖြုံဘူး...ချစ်သူ။
ချစ်သူ
အတ္ထဆန်လူတစ်စု
ရာစုတွင်းစိတ်သွင်း၍
အသင်းအပင်းအဖြစ်
မင်းမလိုက်နဲ့နော်။
သူတို့ရဲ့အထုခံ
သွေမလှန်နိုင်တဲ့
ပေဘ၀မှာ
နေသားကျပေမယ့်။
ချစ်သူရဲ့
ရက်စက်မှုဒဏ်
အမှန်ခံစားနိုင်ဖို့
နှလုံးသားစွမ်းအား
နေသားမကျသေးဘူး
အချစ်...ရယ်၊
(လောကဓံလှိုင်းရဲ့ရိုက်ပုတ်မှုအောက်မှာ ပေ ဘ၀နဲ့နေသားတကျ ကူးခတ်နိုင်ပေမယ့် နှလုံးသားထဲကချစ်ရတဲ့
ချစ်သူရဲ့ရက်စက်မှုဒဏ်ကိုခံနိုင်ဖို့ နှလုံးသားမှာအင်းအားမရှိသေးပါ)
လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
Friday, June 25, 2010
Subscribe to:
Post Comments (Atom)
!-kp3နည်းပညာ-http:>

No comments:
Post a Comment