နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, June 25, 2010

(အိပ်မက်)

သံသရာ | 4:33 AM | Best Blogger Tips
ဘ၀မှာလူဖြစ်
အချစ်နဲ့သံယောဇဉ်
ချိန်ခွင်လျှာညီမျှစွာဖြင့်
အာရုံကိုစုပေးထားလိုက်..သူ။
သူကလည်း
ကြင်နာငှက်ကို
ရင်မှာထားသူမို့
ချစ်စကားလေဟုန်စီးကာ
အာရုံကိုစုပေးထားလာ..သူ။
ချစ်သူနှစ်ယောက်
ရှေ့တူရူလျောက်ဖို့
သေချာပေါက်ရှိပေမယ့်
ဗွေစဖောက်တာက..သူ။
ဘာကြောင့်လဲ
သံကွန်ချာခုနစ်ထပ်
အုပ်ကာစွပ်ထားကြသလို
ခြားနေတဲ့ဘ၀နှစ်ခု
ပေါင်းစပ်မှုပြုရင်
ရတက်လေဗွေ
ဝင်မွှေမှာစိုးလို့
နောက်ဆုတ်ကာ
အသဲနာနာနဲ့
လမ်းခွဲလိုက်တာတဲ့။
ချစ်သူစကား
နားမှာကြားရတော့
အသဲကြားကအချစ်အမြစ်
ပိုကျစ်လစ်လာတယ်။
ကျစ်လစ်တဲ့အချစ်ကြောင့်
ဘ၀သစ်ကိုဖန်တီးဖို့
အပြီးပြင်တဲ့အခါ
ဖူးစာမင်ရည်က
ဟိုး..၀..ထား တဲ့။
ခုတော့
ရက်တွေကြာညောင်း
နှစ်တွေပြောင်းလို့မို့
အချစ်ကြောင်းကမှန်ပြင်လို
ပုံရိပ်ထင်နေပေမယ့်
ပီပြင်မှုက၀ိုးတ၀ါး
ဖြစ်သွားပြီလေ။
အချစ်..ရေ
မင်းနဲ့ တို့ဘဝ
အတိတ်ကဇာတ်ကြောင်း
လမ်းကြောင်းပြောင်းသွားပြီမို့
အိပ်မက်ဟောင်းအဖြစ်
ထားလိုက်ပါရစေ...နော်။ ။
(အတိတ်ကအကြောင်းတွေဟာ လက်ရှိဘ၀မှာပုံဆောင်ခဲအဖြစ်ရှိမနေဘူးဆိုရင်အဲဒါဟာအိပ်မက်ပေါ့)

No comments:

Post a Comment

Related Posts with Thumbnails