သြော်--ပန်း--ပန်း
သြဇာ နွံ ရေ
မှီခိုစရာတွေကြောင့်
လှပစွာအရောင်အသွေးတွေနဲ့
မွှေးရနံ့သင်းထုံလွှင့်ကာ
စွင့်စွင့်ကားကား
ငွါးငွါးငွင့်ငွင့်
ပွင့်လန်းကြီးထွားလာကြတယ်။
ပန်းတွေရဲ့အလှ
ပန်းတွေရဲ့ရနံ့ရယ်
မပျောက်ကွယ်မပျက်ပြယ်အောင်
ဥာဏ်ရှင်မောင် ပျားပိတုန်းတွေ
သုံးဆောင်ရန်စုပ်ယူလိုက်ကြတာက
ပန်းဝတ်ရည်။
ပန်းတွေရဲ့အလှ
ပန်းတွေရဲ့ရနံ့တွေ
မတိမ်ကော မပပျောက်အောင်
စာနာခြင်းဘောင်အတွင်းက
သုံးဆောင်သူပျားတွေရဲ့
ဥာဏ်စကားမှုဟာ
ဘ၀င်ကျစရာပါပဲ။
ပန်းတွေရဲ့အလှ
ပန်းတွေရဲ့ရနံ့
ပျောက်ကွယ်ပျက်စီးမှုကို
ဂရုစိုက်မှုဝေးစွာ
သူတို့ဝမ်းရေးအဆင်ပြေစေဖို့
သမ္ပဇဉ် ဥာဏ်ယှဉ်ကြတဲ့
ပျက်ဆီးရှင် သခင်ပိုးတွေက
ပန်းတွေရဲ့သဏ္ဍာန်
ပြန်ကာမတွေ့စေရအောင်
ဝါးစားပစ်လိုက်ကြတယ်။
ဝမ်းရေးတစ်ခုအတွက်
စာနာချက်ကျိုးပျက်ကြတဲ
ဖျက်ဆီးရေးပိုးတွေကြောင့်
ပန်းတွေရဲ့အလှ
ပန်းတွေရဲ့ဘ၀ဟာ
ဥပစ္တေကကံနဲ့
မပြန်လမ်းခရီးသို့
အပြီးသွားခါနီးမှာ---
မရဏံ မေ ဓုဝံ လို့
ဝိပဿ်သံတေးသီဖွဲ့လျက်
ငြိမ်သက်စွာပန်းဘ၀ကို
နိဂုံးသပ်သွားကြရှာတယ်…
သြော်…ပန်း……ပန်း…..ပန်း။…။