နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, November 18, 2011

(ဒဏ္ဍာရီအတွေး)

မောင်သံသရာ | 3:55 AM | Best Blogger Tips


ခေတ်၊ရာစု
ဝါဒ၊အချိန်
ရာသီ၊လူ
 စသည်တို့ဟာ
အပြောင်းလွဲကြီး
ပြောင်းလွဲခဲ့ကြပြီးပြီ။

ယ္ခုလည်း
ပြောင်းလဲနေကြဆဲ။

နောင်လည်း
ပြောင်းလဲကြရဦးမည်။

အဲဒါတွေ..ဘာ့ကြောင့်
ခိုင်မြဲမှုမရှိပဲ
ပြောင်းလဲနေကြရတာလဲ.?။

အနိစ္စမိခင်ရဲ့
ရင်နှစ်သည်းခြာ
သား သ္မီး ရတနာတွေဖြစ်လို့
ခိုင်မာမှုအားနည်းကာ
ပြောင်းလဲခြင်းစက်ဝိုင်းထဲမှာ
လည်ပတ်နေကြရတာလား..?။

ယင်းသို့ဆိုခဲ့ရင်
လူသားတွေအားလုံး
လူတန်းစားညီမျှအောင်
ဘယ်သို့လုပ်ဆောင်မလဲ..?။

ပြောင်းလဲခြင်းမျာစွာရဲ့
ကံကြမ္မာ အလှည့်အဖျား
သဘောတရားအောက်မှာ
လျှောက်လဲချက်ပေး
လာဘ် လာဘကျွေး နဲ့
မှေးတင်လှုပ်ရှားနေကြရတဲ့
မနုဿ လူ့ဘောင်ကို
လူတန်းစားညီမျှအောင်
လုပ်ဆောင်နိုင်ပါ့မလား…?။

ဘာရယ်…ညာရယ်
အကဲပို  စဉ်းစားဆိုလိုက်နဲ့
ဥာဏ်တစ်မိုက် ရဲ့အတွေး
အဝေးထွက်သွားဟေ့…လို့
အမိန့်ပေးလိုက်တဲ့အခါ…………………...။

No comments:

Post a Comment

Related Posts with Thumbnails