လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
Friday, August 27, 2010
သံပရာချိုရဲ့ခံစားမှု
နှင်းမြူရစ်သိုင်း
ဒီဇင်ဘာရောက်တိုင်း
ရင်မှာတမ်းတ
တစ်ခါက
မောင် ကို သတိရတယ်
နှင်းဖွဲတွေကြား
သူရှိနေမလားရယ်နဲ့
ဟိုသည်ခေါင်းငဲ့
လှည့်ရှာမိတယ်
နှင်းစက်တွေများ
သူကိုသိမလားရယ်နဲ့
တိုးတိုးတိတ်တိတ်
ကျိတ်မေးမိတယ်
ဘယ်ဆီဘယ်ဝယ်
ရောက်နေပြန်လဲ
ရှာသူမောတယ်
ဒီဇင်ဘာရယ်.............
(ဖော်ပြခွင့်ပေးသူသံပရာချို မိသားစုဖိုရမ်)
သံပရာချိုရဲ့ခံစားမှု
အချိန်ပေါင်းများစွာ
နေ့ရက်ပေါင်းများစွာ
ငါတို့အတူဖြတ်သန်းခဲ့ဘူးတယ်
ပျော်ရွှင်မမေ့နိုင်စရာပေါ့
ဒါပေမဲ့လေ
မမေ့နိုင်စရာအတိတ်တစ်ခု
မေ့ဖို့ကြိုးစားခဲ့တဲ့ငါ
အရာအားလုံးကို
ပုံစံခွက်ထဲထည့်
နှလုံးသားကိုပါ
လိုသလိုပုံသွန်းထုဆစ်တဲ့
ပန်းးပုရှင်ငါ
မလိုအပ်တဲ့
နှလုံးသားအပိုင်းအစတွေ
ဖယ်ရှားခဲ့တဲ့
ပန်းပုရှင်ငါ“
တကယ်တော့ဟာ
နှလုံးသားဆိုတာ
ထုဆစ်ခံပစ္စည်းမဟုတ်ခဲ့တော့
ထူဆစ်ပုံ့သွန်းခဲ့တဲ့
ပန်းပုရှင်ငါကိုယ်တိုင်
နာကျင်ကြေကွဲရပါတယ်ဟာ..........
(ဖော်ပြခွင့်ပေးသူသံပရာချို မိသားစုဖိုရမ်)
သံပရာချိုရဲ့ခံစားမှု
ပြန်လာမှာ
မသေချာသူကို
စောင့်နေမိတယ်
တစ်မြို့စီခြားပေမဲ့
တို့ကြားကသံယောဇဉ်ကြိုး
အလွယ်တစ်ကူပြတ်မသွားနိုင်ဘူးဆိုတဲ့
ယုံကြည်မှု့တွေနဲ့
တစ်နေ့နေ့
ပြန်လာနိုးနိုး
မျွှော်လင့်ပေမဲ့
တစ်နေ၀င်လို့တစ်မိုးသောက်ခဲ့ပြီ
မျှော်သူကတော့
ပေါ်မလာခဲ့ဘူး
ဒီလိုနဲ့ပဲ
ရက်တွေလည်းပြောင်း
ဥတုတွေလည်းဟောင်းခဲ့ပြီ
အနေဝေးပေမဲ့
ဘယ်တော့မှမမေ့ဘူးဆိုတဲ့
စကားတစ်ခွန်းကြားယောင်ပြုံးရင်း
ပြန်လာမှာပါအတွေးနဲ့
ကံမကုန်လို့
ပြန်ဆုံခဲ့ရင်
မောင်.....ရေ
ထပ်မဝေးချင်ဘူး................
(ဖော်ပြခွင့်ပေးသူသံပရာချို မိသားစုဖိုရမ်)
သံပရာချိုရဲ့ခံစားမှုများ
တွေ့ချင်မြင်ချင်စိတ်ဘ၀င်တွင်
ရိပ်ရိပ်ထင်လည်း
ခြားထားမာန
တို့ဘ၀တွေဝေးနေတာပဲ
ကောင်းပါတယ်။ ။
ကိုယ်ရင်ခုန်သံကို
ကိုယ်တိုင်ဘာသာမပြန်တက်ခဲ့ဘူး.....
အရာရာသူစိတ်တိုင်းကျဖြစ်စေခဲ့တာ
အဖြူရောင်သံစဉ်တွေလို့
ထင်မှတ်မှားခဲ့တယ်.....
သူ...တစ်ပါးသူ
ရင်ခွင်ကလှမ်းပြုံးပြမှ
ကိုယ်...ရင်ကွဲရပြီ
သူငယ်ချင်းရယ်....
ကိုယ်ကိုချန်ထားခဲ့ဖို့
ဆုံးဖြတ်ထားတဲ့ ချစ်သူကို
အပြုံးတွေနဲ့နှုတ်ဆက်နိုင်ဖို့
မာနတွေနဲ့အားတင်းခဲ့ရတယ်.......
ငါနှလုံးသားရှိုက်သံကို
မင်းမကြားစေဖို့
ဟန်ဆောင်စကားလေးတွေဆိုရင်း......
ပြုံးတစ်မျက်နှာနဲ့
ကျောအခိုင်းမှာ
ဝေ့လာတဲ့မျက်ရည်စတွေ
ငါ့ရင်ထဲကအချစ်တွေပါ
ဒါတွေကို
မင်းမမြင်အောင်
သိမ်းဆည်းရင်း......
ကျန်ခဲ့ရတဲ့ဘ၀မှာ
မျက်ရည်ခံထိုးပြီး
ဘယ်တော့မှအသနားမခံဘုး
ကွဲအက်ရာစွန်းထင်းခဲ့တဲ့
နှလုံးသားနဲ့အဖြူစင်ဆုံးဆုတောင်းပေးမယ်
မောင် ....မင်းပျော်ပါစေနော်
(ဖော်ပြခွင့်ပေးသူကလောင်မိတ်ဆွေသံပရာချိုအားကျေးဇူးတင်ရှိပါသည်)
မင်းပြောစကား
မဖြစ်လို...........
အရမ်း ငိုချင်နေတယ်
ဒီနေ့ ဘ၀ ကို တိမ်လို ပဲ လွင့်မျောနေချင်ခဲ့တယ်..........။
မျက်ရည်မကျဘို့ အား တင်း ခဲ့ ရပေါင်း များပြီ
ကြာလာတော့လည်း မျက်ရည်မကျပဲငိုတတ်လာခဲ့ ပြီလေ.....။
အတိတ်ဆိုတာ မလှပ ခဲ့ ဘဲ နဲ့ ဘာလို့ များ နောက်ပြန်လှည့်ကြည့် ပြီး
ရင်နာအောင်လုပ်နေမိတာလဲ..........။
ခံစားမှုတွေကြားမှာမျောမသွားဖို့
စကားလုံးတွေ စာစီပြီး...
ခံစားချက်တွေ ဖွင့်ဟခွင့် ရရင်...
ဘ၀မှာရှင်သန်ရတာ...
နည်းနည်းတော့ ဖြေသာတာ ပေါ့.....။
ဒီစာမျက်နှာလေးမှာ
ကောင်မလေးရဲ့
စိတ်ကူးတွေရွက်လွှင့်ခွင့် ရတယ်...........။
ခံစားချက်တွေပေါက်ကွဲခွင့် ရတယ်....။
စိတ်ထဲရှိတာတွေ....
စိတ်တိုင်းမကျတာတွေ...
စိတ်ညစ်ရတာတွေ..
စိတ်ဓာတ်ကျနေတာတွေ...
စိတ်ဆင်းရဲရတာတွေ.....
ဒါတွေ ...ဒါတွေ ကို
နားထောင်ပေးမယ်သူ မရှိပေမယ့်..။
ဒီစာသားတွေ ကို
ဖတ်ကြည့်မယ့်သူမရှိပေမယ့်
ငါ့နှလုံးသားက အချစ်
မင်းတစ်ယောက်တည်းအတွက် ဖြစ်ပေမယ့်
presentation မလှခဲ့လေတော့
မင်းမမြင်နိုင်ခဲ့ဘူး...။
ငါ့ချစ်စကား
မင်းကြားစေဖို့
မင်းနှလုံးသားနားအတွင်းသို့
ဧချင်းတစ်ပုဒ်သွင်းခဲ့ပေမယ့်
interpretation လွဲ လေတော့
မင်းမကြားခဲ့ပြန်ဘူး..။
မင်းအပေါ်မှာ
သ၀န်တိုကင်း
ရန်လိုရှင်း
အပြုံးမပျက်
စိတ်မကောက်တတ်တာ
တကယ်မချစ်လို့သာဟု
မင်းပြောစကား။
(ဖော်ပြခွင့်ပေးသူကြယ်စင်မိသားစုဖိုရမ်)
အသံတိတ်
ငါ့ အချစ်ကို
နင်မလိုတော့ရင်....။
ငါ့ စကား နင်မကြားချင်တော့ရင်....။
ငါ့ အပြုံး နင်မုန်းပြီဆိုရင်...။
ငါ့ အရိပ်
နင်စိုးထိတ်ပြီဆိုရင်...။
ငါ့ ထက်သာ နင်ရှာတွေ့ပြီဆိုရင်...။
နင့်အိမ်မက်
ငါ့ ကြောင့်ပျက်မယ်ထင်ရင်...
နင်ရှေ့ဆက်မယ့်ခရီး အတားအဆီးတစ်ခု....ငါ ဖြစ်နေရင်..။
သူ့ရယ်သံတွေ ကြားနေရတာကိုး....။
ကောင်မလေး တစ်ယောက် စိတ်ဓာတ်ကျနေရှာတယ်.....
ဒါပေမယ့် ဘယ်သူမှမသိဘူး...
သူ့အားပေးစကားတွေက
လူတွေကိုစိတ်အားတက်ကြွစေတာကိုး..........။
ကောင်မလေးကြောင့်
တစ်ခြားသူတွေ ပျော်ရတယ် ဆို
ကောင်မလေးခံစားရတာတွေအားလုံး
မျိုသိပ်ဟန်ဆောင်နေလိုက်ပါ့မယ်
ဘယ်သူမှမသိအောင်ပေါ့။ ။
(ဖော်ပြခွင့်ပေးသူကြယ်စင်မိသားစုဖိုရမ်)
သဉ္ဖာ
ကယ်စင်ချစ်တဲ့ ကဗျာ တစ်ပုဒ်....ပါ...
ရေးတဲ့သူ ဘယ်သူ ဆို တာ မသေချာလို့ ........
မပြောပေးနိုင်တာ
ခွင့် လွှတ်ပါ.......
ပြောပေးပါ.....
ရင်ခွင်ရေးခွင့်မရှိတဲ့ဘ၀မို့
မျိုသိပ်ထားရတဲ့
အိပ်မက်တွေကို
ချရေးမိတာ
အပြစ်လို့ဆိုချင်တာလား....။
သူမသိစေချင်ပေမယ့်
စိတ်ကူးတွေထဲမှာ
စည်းရဲ့တဖက်ကို
ကျော်လွန်ပျံသန်းခဲ့တာ
မလျှေက်တတ်ပါ...။
ကဗျာဆန်စွာ
မူယာနွဲ့နှောင်း
ကောင်းခြင်းငါးဖြာလည်း
မပြည့်ဝခဲ့ပါ..။
ချိုသာစကား မပါးတတ်ခဲ့..။
ချိုသာ အပြုံး မသုံးတတ်ခဲ့ ..။
အရာရာ ကာရံ မဲ့ နေလည်း
ဘာပဲဖြစ်ဖြစ
ချစ်သူကောင်း ဖို့ အတွက်ဆိ
ပိုပိုသာသာ
ဆန္ဒ ရှိတာပဲ
ခွဲ ခွာ ဖို့တော့ မပြောပါနဲ့
ဒီကမ ၻာမွာ
သူ့တစ်ယောက်သာ ထာဝရမို့ပါ...။ ။သဉ္ဖာ
(ဖော်ပြခွင့်ပေးသူကြယ်စင် မိသားစုဖိုရမ်)