အ၀ိဇ္ခာအရောင်၊ထွန်းလင်းပြောင်လို့မို့
အမှောင်လမ်းကို၊မှောင်မှန်းမသိ
ဝင်ထွက်မိ၏။
လာခဲ့သည့်လမ်း၊မျှော်ရည်မှန်းလည်း
ကမ်းရဲ့အမြင်၊မပီပြင်ဘူး။
တဏှာလက်နက်၊ပစ်ချက်ထိမှန်၊
မဖောက်ပြန်ပဲ၊ဧကန်ဘဝ
ရရှိကြလျက်၊လှပပန်းချီ
ရေးမမှီဟု
ငါသည်ထင်မှတ်၊ယူဆုံးဖြတ်၏။
လူ့ဘောင်လောက၊လူ့ဘ၀ကား
အိုနာသေသည်၊တရားမသိ
ဇယားညှိ၏။
သူ့ဘောင်သူ့လမ်း၊ပေးကမ်းသလောက်
ထွန်းပေါက်သက်ရှည်၊နေရပေမည်။
ဤမည်ဘ၀၊သင့်အလှကို
လောဘမီးများ၊လောင်မီပွါး၍
တေးသွားကိလေ၊ကျူးရင့်နေလျှင်
သင်လေနောင်တ၊သတိရက
နောက်ကျသွားမည်တမလွန်။
(မိမိတို့ရရှိနေကြတဲ့ဘ၀မှာ လောဘ ဒေါသ မောဟ မာန် မာန ဆိုတဲ့ကိလေသာတေးသွားတွေကိုသီဆိုကျူးရင့်ယင်းလှုပ်ရှားသွားလာနေကြရင် အသိတရားရလို့ပြန်ပြင်တော့မယ်ဆိုတဲ့အခါနောက်ကျသွားတတ်ပါတယ် ဒါကြောင်မို့ အချိန်နဲ့အရွယ်ရှိတုန်းမှာနောင်တဆိုတာမဖြစ်ရအောင် ပစ္စုပ္ပုန်အတွက်ညီမျှစွာ
လှုပ်ရှားတတ်ဖို့အသိဥာဏ်နဲ့ဆင်ခြင်တတ်ဖို့လိုပါတယ်
လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
Subscribe to:
Post Comments (Atom)
!-kp3နည်းပညာ-http:>
No comments:
Post a Comment