နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, August 13, 2010

(ပေးသနားပါ)

သံသရာ | 9:38 PM | Best Blogger Tips
ချစ်သူ
မင်းနဲ့ငါမတွေ့ ခဲ့ ကြရင်
ကောင်းမှာပဲနော်။
အခုတော့ခဏတာ
တွေ့ ဆုံခြင်းပီတိတွေက
အမုန်းဝေဒနာအဖြစ်
ပြောင်းလဲခဲ့ကြပြီ
တွေ့ ဆုံခြင်းက ကရုဏာ
ကရုဏာကစေတနာ
စေတနာကသံယောဇဉ်
သံယောဇဉ်ကအချစ်
အချစ်ကသောက
သောက က ဝေဒနာတဲ့
ဝေဒနာကို
မသေချာလို့
အဖြေရှာကြည့်တော့
မရေရာအသိနဲ့
ကိုယ့်မှာငိုရှိုက်နေရပြီလေ။
ချစ်သူ
ဝေဒနာကိုရင်မှာပိုက်လို့ 
ငိုရှိုက်နေရတဲ့ငါ့ဘ၀ကို
အတ္တ္တကိုပယ်ခွါ
စာနာကာတချက်လောက်
မျှော်ထောက်ခြင်းအိမ်
ဆောက်ပေးပါလားချစ်သူ။ ။

No comments:

Post a Comment

Related Posts with Thumbnails