ဆိုကြပါစို့
အချစ်နဲ့အလောင်းအစား
အလောင်းအစားက ဖိတ်ခေါ်တယ်
အချစ်က ဆွဲဆောင်တယ်။
ဖိတ်ခေါ်ခြင်းကခဏတာ
ဆွဲဆောင်ခြင်းကထာဝရပါ၊
ထာဝရနဲ့ခဏ
ခဏရဲ့အလှကခဏ
ထာဝရရဲ့အလှကထာဝရ
ခဏကိုရွေးထုတ်
ဘေးကပုတ်လို့စိတ်ရှုပ်ရမယ်
ထာဝရကိုဆွဲဆုပ်
ဘေးကလှုပ်လည်းစိတ်မရှုပ်ရဘူး
ခဏ ရဲ့တိုးတက်မှု့က ရေဗွက်ပမာ
ထာဝရရဲ့တိုးတက်မှု့က တသက်လျာ
ခဏရဲ့ရသက မျက်တောင်တမှိတ်
ထာဝရရဲ့ရသကမျက်လုံးတပိတ်
အတိတ်ကဇာတ်ခုံ
ပြည့်စုံမှု့တစ်ခုကြောင့်
လူ့ဘ၀ဘုံမှာ
ရွေးချယ်မှု့တစ်ခုတော့ရှိရမယ်။
ခဏကိုဖယ်၊ထာဝရကိုတွယ်
ခဏကိုဖယ်ရင် ဘေးကင်းမယ်
ထာဝရကိုတွယ်ရင်အေးချမ်းမယ်
ခဏကအမှောင်၊ထာဝရကအလင်းရောင်
အမှောင်နဲ့အလင်း
ပွဲခင်းလို့မာန်တင်းရင်
သတင်းလှိုင်မှာကထာဝရ
အတင်းမှိုင်မှာကခဏ
အဲဒီတော့
ခဏကိုဘေးပုတ်
ထာဝရကိုရွေးထုတ်
အဟုတ်တကယ်ဆုပ်ထားရမှာက
အချစ်ဆိုတဲ့ထာဝရပါပဲ။
(ဘ၀မှာလက်တွဲဖော်ဟာ အရေးကြီးတဲ့ကဏ္ဍမှာရှိနေကြောင်းသိစေလိုလျက်)
လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
Subscribe to:
Post Comments (Atom)
!-kp3နည်းပညာ-http:>
No comments:
Post a Comment