နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Thursday, August 19, 2010

(လျောက်)

သံသရာ | 10:27 PM | Best Blogger Tips
မိန်းမကြောင့်ပြည်ပျက်
အသရေဖျက်စကားနဲ့
ရတက်ပွါးစေတယ်။
ယင်းဆိုရိုးစကား
တဖက်သားနားခါးအောင်
သဘောထားဆိုတယ်။
ဆိုရိုးစကား
ပြောင်းပြန်ထားရင်
ယောက်ျ်ားလည်းဖျက်နိုင်တာပဲ။
မုန်းစိတ်နဲ့မုန်းသူကို
အဖျက်တူရူသို့ရှေးရှု
သဘောနုတဲ့စိတ်နဲ့
အမျက်ပွါးနေရင်
တိုးပွါးမှုဆိုတာ
ကွယ်ပျောက်သွားမယ်။
ဒီတော့
တိုးတက်တဲ့ it ခေတ်မှာ
အပြစ်ဆိုစကား
ဘေးမှာထားပြီး
မ-ကျားနှစ်ဖော်
တွဲပျော်တူယှဥင်္လို့
ကူညီမင်ဖေးမကာ
ရောင်နီမြင် ဟိုအဝေးဆိသို့
လျောက်ကြစို့ ရဲ့။ ။
(တဦးကိုတဦးကူညီဖေးမလို့သံသရာခရီးကိုလျောက်လှမ်းရန်ရည်ရွယ်လျက်)

No comments:

Post a Comment

Related Posts with Thumbnails