ရင်ထဲအမြဲ၊နွေးထွေးဆဲမေတ္တာ
အသဲမှာကရုဏာခင်း၊ချစ်ခြင်းအလှနဲ့
ပျိုမြစ်နေတဲ့အမေ။
မိဘတို့ဝတ္တရား၊အလေးထားပြုစု
ဂရုစိုက်မှုကအနန္တ၊ကြင်နာမှုကအသင်္ချေ
ကျေးဇူးတွေကနှိုင်းမရ၊ကြည့်မ၀အလှနဲ့
ပျိုမြစ်နေတဲ့အမေ။
သားသားမီးမီးတို့ဘဝ
ကြံဆမှုအတွေးအမြင်
အပီအပြင်လင်းစေဖို့
ရိုက်သွင်းပေးအသိဥာဏ်
မိုးဘ၀ဂ်လျှံသွားအောင်
မြင့်မိုရ်တောင်စိတ်ကူးနဲ့
လှချင်တိုင်းလှနေတဲ့အမေ။
အလှတရားတွေနဲ့လှုပ်ရှား
အမေ့တကိုယ်လုံးရဲ့သွေးသား
ဆေးသားကခိုင်ခန့်၊ကျယ်ပြန့်တဲ့မေတ္တာကို
တိုင်းကာပြရမယ့် ဥပမာ
ဘယ်လိုမှရှာမရ၊အနန္တဂုဏ်အင်နဲ့
လှချင်တိုင်းလှနေတဲ့ အမေ။
အမေ
အမေ့ရင်က၊ခဏခွါဆုတ်ပြီး
ဘ၀ကိုလှုပ်ကြည့်တော့
ငိုက်မိရင်တကယ်ထောင်းမယ့်
လောဘကျောင်းနယ်ပယ်မှာ
ဒေါသမောင်းတင်လို့
မောဟပြောင်းတိုက်နေကြတဲ့
လောကအရှုပ်အထွေးတွေကြားမှာ
ရသအပွင့်တွေဝေဆာနေတဲ့
အမေ့မေတ္တာ အချစ်အလှကို
သား--တမ်းတမိတယ်--အမေ။ ။
(မိဘမေတ္တာကို အားနာသောအားဖြင့်ဖြစ်စေ၊ ကျေးဇူးတင်သောအားဖြင့်ဖြစ်စေ၊
ဂရုစိုက်သောအားဖြင့်ဖြစ်စေ၊ချစ်ခင်သောအားဖြင့်ဖြစ်စေ၊ကျေးဇူးဆပ်စေရန်ရည်ရွယ်လျက်)
လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
Subscribe to:
Post Comments (Atom)
!-kp3နည်းပညာ-http:>

No comments:
Post a Comment