နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, August 13, 2010

သံသရာ | 6:45 AM | Best Blogger Tips
(ဘာဖြစ်ချင်လဲ)
ဇောစိတ်ကမြင့်မြတ်၊နုညံ့တဲ့ဟန်ပန်နဲ့
လောကဓံကိုရင်ဆိုင်၊သူ့မာန်ကိုခြွေချ
မနုဿတွေကိုအလေးထား၊များကောင်းစားမှုကိုဦးတည်
ငယ်သားအတွက်အလင်းရောင်၊ အေးချမ်းအောင်ဖော်ညွန်း
နည်းလမ်းကောင်းအမွေ၊ရွှေငွေထက်တန်ကျေး
ပေးတတ်တဲ့စေတနာနဲ့ပေါ့။
လူ့ဗိုလ်ပါတွေကိုသေချာစွာတသားတည်း
တပြေးညီဒဿနနဲ့၊တင်ပြမှုကိုဆွေးနွေး
အကျိုးရှိမှုကိုသုံးသပ်ပေး၊လက်ခံနိုင်ရေးကိုရှေးရှု့လို့
လုပ်ပြမှုနဲ့ရှေ့ဆောင်၊နောင်ကောင်းအောင်အသိ
အရှိအဖြစ်ထည့်သွင်း၊အဇ္ဈတ္တတွင်းအသိညာဏ်
မိုးဘ၀ဂ်လျံအောင်၊ဖော်ဆောင်ပေးတာက
ခေါင်းဆောင်ပေါ့။
မြင့်မြတ်စိတ်၊အလုံပိတ်သူ့သဘော
အပြောမခံရအောင်၊ဟန်ဆောင်မှုများနဲ့
အများကိုအုပ်ချုပ်၊အမြတ်ထုတ်မှာကသူ့ဝသီ။
အော်ငေါက်မှုကသူ့အကျင့်၊
သင့်ရာကိုတင်ပြမှု၊ဖွေမရှု့ပြစ်ပယ်
ဘယ်ဝယ်ညာလာမပြောနဲ့ပေါ့။
သင်ပြမှုနည်းလမ်း၊လျို့ဝှက်တမ်းကစားသလို
ဆရာစားချန်လို့၊သူ့မူဟန်ကိုသူထုတ်ပြတယ်။
ကြောက်ရအောင်ခြိမ်းခြောက်၊
ဒုက္ခရောက်လျင်နောက်ဆုတ်
တကယ်မလုပ်ပဲ၊ဟန်ဆောင်လုပ်တာကသူ။
နေရာတကာမှာပါဝါကို၊
အများတကာသိအောင်ကြော်ငြာပြီး
များဗိုလ်ပါကိုတသားတည်း၊
တပြေးညီအမြင်၊သူ့လျင်မရှိ၊
သူ့အသိကဘက်ဆွဲ၊ခွဲခြားမှုနဲ့ပေါ့။
အများရဲ့အလုပ်နဲ့၊ဥစ္စာထုပ်ရအောင်
သေချာလုပ်တတ်တာက၊
ဆရာကြီးပေါ့။
သူ့တို့နှစ်ဦးရဲ့လုပ်အင်ကို
ပီပြင်စွာရှု့စားပြီး
သင့်စွမ်းအားနဲ့ဘ၀ကို
လောကအတွက်အသုံးပြုမယ်ဆိုရင်
သင်.......ဘာဖြစ်ချင်လဲ။ ။

No comments:

Post a Comment

Related Posts with Thumbnails