နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Monday, August 16, 2010

( ခစားလိုသူ )

သံသရာ | 5:31 AM | Best Blogger Tips
မပြုံးပါနဲ့ကောင်မလေး
စံပယ်ပန်းတွေထိုင်ငိုတော့မယ်
မရယ်ပါနဲ့ကောင်မလေး
နှင်းဆီ၊ ဒေါနတွေ
ကြွေကျတော့မယ်
မငိုပါနဲ့ကောင်မလေး
ဂီတသံစဉ်တွေ
ကွယ်ပျောက်ကုန်တော့မယ်
ဘာမှ မလုပ်ဘဲ
ငြိမ်ငြိမ်လာနေပေးပါ
ငါ့အသည်းမှာဝင်လာခိုနား
ဒေ၀ီတစ်ပါးလို
ခစားပါ့မယ်။ ။

No comments:

Post a Comment

Related Posts with Thumbnails