နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, August 13, 2010

Anonymous | 6:40 AM | Best Blogger Tips
(သူငယ်ချင်းသို့)
သူငယ်ချင်း
မိဘနဲ့သား သမီး
စည်းခြားထားသလို
ကြားခံသဘော
မာနဆိုးတွေ
တောထနေသင့်သလား။
ဆရာနဲ့တပည့်
အသိတရား
ဘေးဖယ်ထားပြီး
ကြားခံသဘော
မာနဆိုးတွေ
လှိုင်းထနေသင့်သလား။
မိမိနဲ့ဆွေမျိုး
သဘောရိုးပယ်ထုတ်
မာနကိုဆုပ်ပြီး
စိတ်ကြီးဝင်ကာ
ကိုယ်ထင်ပြသင့်သလား။
သင့်ဘ၀တိုးတက်လာဖို့
မာနကိုအားပြု
ကြိုးစားမှုအရှိန်
တကယ်မမှိန်အောင်
ပုံဖော်ကာဆောင်သင့်သလား
စဉ်းစားပါသူငယ်ချင်း။
သူငယ်ချင်း
ထားသင့်သောမာန
မထားသင့်သောမာန
မာနနှစ်ခုကို
အထာကျအောင်ရှု့ပြီး
ဘ၀ါဘ၀မှာ
မော်ကာလှချင်ရင်
ဘော်ဒါမာနရဲ့
နေရာဋ္ဌာနကို
ညီမျှစွာတွေး
ပီသစွာရွေးတတ်ဖို့အရေး
ဒီကဗျာလေးနဲ့
သတိပေးလိုက်ပါတယ်
သူငယ်ချင်း။ ။

No comments:

Post a Comment

Related Posts with Thumbnails