နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Monday, August 16, 2010

(စံ--ပြယုဂ်)

သံသရာ | 6:20 AM | Best Blogger Tips
အစဥင်္အလာဟောင်း၊မကောင်းတဲ့ကိုးစားမှုကို
ပြောင်းလဲကာ၊ရဲဝံ့စွာခွဲထွက်လာသူ။
သူ့ခေတ်ဘာသာရေး
အလေးပေးယုတ်နိမ့်ဟန်ကို
ပုံကန်ရန်မျိုးစေ့ချသူ။
အတွေ့အကြုံကို၊လှုပ်ရှားမူမှာအခြေခံ
ကျင့်ကြံမှုတရားကို၊အလေးအနက်ထားပြီး
အတ္တပါးစေဖို့ကိုရည်ညွန်း
အနတ္တဓမ္မကိုခြေလှမ်းဖို့
စူးစူးရှရှဖော်ညွန်း၊ပုံသွန်းကာအကောင်အထည်ဖော်သူ
လောကဓံတိုက်ပွဲ၊ရှောင်လွဲပြေးမထွက်ပဲ
ုငြိမ်သက်စွာရင်ဆိုင်ရန်
သင်တန်းပေးသူ။
ဥစ္စာဓနမှာ၊သောကဗျာပါမဖြစ်ရအောင်
လောဘမာယာယုတ်စေဖို့
ဖော်ထုတ်လမ်းညွန်သူ။
ကြီးပွါးရေးအစ
ဘာသာရေးအဆုံး
တိုးတက်မှုထုံးတို့အတွက်
ရတက်အေးတဲ့အခွင့်အလမ်းကို
ရှာဖွေရန်တွန်းအားပေးသူ။
သူဟာ
လောကနယ်ပယ်မှာ
တကယ်စံထားရတဲ့
လူသားအားလုံး၏
ကိုးစားခိုလှုံရာ
အတုမရှိဗုဒ္ဓမြတ်စွာ ပါပဲ။
(ဗုဒ္ဓရဲ့လုပ်ထုံးလုပ်နည်းကိုအတုယူကာ အတ္တ ပရနှစ်ဋ္ဌာရဲ့ကောင်းကျိုးကိုပြုစေတတ်ဖို့ရည်ညွန်းသည်)

No comments:

Post a Comment

Related Posts with Thumbnails