အာရုံဖမ်းကရိယာမှာ
ရူပါရုံပန်းတပွင့်
သင့်တင့်စွာဝင်ရောက်
ခေါက်ထုတ်လို့မထွက်
စွဲမက်အောင်သိမ်းယူလို့
ဝဲဂယက်အချစ်လေ
ဝင်ရောက်မွှေနှောက်ပြီ။
ရူပါရုံကောက်ကြောင်း
ဗြောင်းဆန်အောင်လှပ
ရှု့မ၀ဖြစ်ခြင်းကြောင့်
အနုအလှတွေခံစားပေးတဲ့
နှလုံးသားသဲအူကြားမှာ
ခိုင်မြဲစွာခိုကပ်လို့
လက်လွှတ်မရတဲ့အခါ
အချစ်ဆိုတာကိုဖွင့်ထုတ်
ဘ၀အဖော်လုပ်ဖို့အားထုတ်ကြပြီ။
တူနှစ်ကိုယ်ရွှင်မြူး
ချစ်စိတ်တွေနဲ့ကြည်နူး
ပျော်မဆုံးနိုင်ဖြစ်ကြ
မုချအချစ်တွေခိုင်မြဲလို့ပေါ့။
ရည်းစားဘ၀မှာ
အချစ်အလှတွေနဲ့
ရွှင်ပြအားမရတဲ့အခါ
လောကဝေါဟာရ
ထုံးတမ်းခေါ်အရ
အိမ်ထောင်သည်ဘ၀သို့
ပီတိအလှနဲ့သက်ဆင်း
လောကအလှကိုချက်ချင်း
ဖန်ဆင်းဖော်ထုတ်ကြတယ်။
အဲဒီရဲ့နောက်
ဗွေတွေကဖောက်
စိတ်နောက်စရာနဲ့
သောကဗျာပါဖြစ်အောင်
ဘာကြောင့်
သစ္စာတရား
ဘေးမှာထားပြီး
အိမ်သူသက်ထား
ချစ်ဇနီးများကို
(အိမ့်ရှင်ယောက်ျား၊
ပုရိသများကို)
ပြုစားခြင်းများစွာနဲ့
သေချာတဲ့ဖောက်ပြန်မှုကို
ခုံမင်ယုယစွာ
ကကြိုးတွေဆင်မြန်းလို့
ကပွဲဝင်နေကြတာလဲ........?။ ။
လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
Subscribe to:
Post Comments (Atom)
!-kp3နည်းပညာ-http:>
No comments:
Post a Comment