နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Monday, August 16, 2010

(ခက်)

သံသရာ | 6:06 AM | Best Blogger Tips
ရင်ထဲမှာ၊သကာလောင်းသလို
မပြောင်းမလွဲ၊တကယ်တွဲလို့
ပျော်ပွဲဝင်ခဲ့တဲ့ချစ်သူ။
ခုတော့
သူလေးကပုန်းရှောင်၊ဖုန်းမောင်မှာလွမ်းလျက်
သောကတောင်မှာအိပ်စက်၊
အနေခက်ဘ၀င်ခိုက်အောင်
ထုနှက်သံမှိုရိုက်ရက်တယ်။
ငယ်ကျွမ်းဆွေ
ကိုယ့်ရင်ထဲမှာ၊တွယ်တာဆဲမို့
လမ်းခွဲမသွားနဲ့နော်
အတူတူကြီးပြင်းလို့
ဘ၀ရင်းချစ်ခဲ့တာတွေကို
ချက်ချင်းမေ့ပြစ်ဖို့ခက်လို့ပါ။ ။
(အချစ်ကြောင့်ဘ၀ပျက်တတ်သူများကိုစာနာစေလိုလျက်)

No comments:

Post a Comment

Related Posts with Thumbnails